Environment, Disasters & Accidents
ပြည်နယ်နှင့် တိုင်း ၁၀ခု၌ ရေကြီးရေလျှံမှုကြောင့် လူ ၂သိန်းကျော် ရေဘေးသင့်ပြီး ၃ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုတွင် ရေကြီးရေလျှံမှုကြောင့် လူ၂သိန်းကျော် ရေဘေးသင့်ပြီး ၃ဦးသေဆုံးခဲ့ကြောင်း ကုလမသဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၏ ထုတ်ပြန်ချက်အရသိရသည်။
မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မွန်၊ ကရင် နဲ့ ရခိုင်ပြည်နယ်တို့၌ အဓိက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ချက်အရ သဘာဝဘေးအန္တရာယ်များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရေဘေးသင့်သူများအနက် အများဆုံး ရေဘေးသင့်ခံရသော မကွေးတိုင်းဒေသကြီးတွင် ရေဘေးကြောင့် ပြောင်းရွှေ့ရသည့် အိမ်ခြေ ၂၂၆၂ဝ နှင့် ရေဘေးသင့်ပြည်သူ ၉ဝ၄၁၇ ဦးရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ လေရှီးမြို့နယ် (မိုပိုင်းလွတ်)၊ မုံရွာ၊ ဆားလင်းကြီး၊ စစ်ကိုင်းအစရှိသည့် မြို့နယ် များမှ ရေဝင်ရောက်သည့် အိမ်ခြေစုစုပေါင်း ၁ဝ၂၅၇ အိမ်၊ ရေနောက်မျောပါသည့် အိမ်ခြေစုစုပေါင်း ၅၃ အိမ်နှင့် ရေဝင် ရောက်မှုကြောင့် ပြောင်းရွှေ့ကြရသည့် ရေဘေးသင့်အိမ်ထောင်စု ၅ဝ၈၃ စုမှ လူဦးရေ စုစုပေါင်း ၂၃၅၉၅ ဦးတို့မှာ ရေဘေးသင့်ခဲ့ရ ကြောင်း သိရ သည်။ (Xinhua)