Environment, Disasters & Accidents
ဖားကန့် မြေစာပုံပြိုကျမှုကြောင့် ၁၂သေဆုံးပြီး ၈ ဦးဒဏ်ရာ ရရှိ
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက်ပိုင်းက မြေစာပုံပြိုကျမှုကြောင့် လက်ရှိတွင် ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၈ ဦး ရှာဖွေတွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ယနေ့ နံနက် ၄ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု ဝှေခါကျေးရွာရှိ ကုမ္ပဏီ လုပ်ကွက် တစ်ခုမှ အလျားပေ (၁၀၀)၊ ထု(၂၀)ပေခန့်ရှိသော မြေစာပုံသည် အောက်ဘက် ပေ (၂၀၀) ခန့်သို့ ပြိုကျခဲ့ရာ ၁၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိ ခဲ့သူ (၈) ဦးကို ရှာဖွေ တွေ့ရှိခဲ့သဖြင့် လူမှုကူညီရေး အသင်းများမှ ယာဉ် များဖြင့် ဖားကန့် ဆေးရုံကြီးသို့ ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ပြိုကျမှုနေရာသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖ များ ပူးပေါင်း၍ ကုမ္ပဏီများမှ ဘက်ဟိုးယာဉ် (၇) စီးဖြင့် ပျောက်ဆုံးသူများ ကျန်ရှိမှု ရှိ/မရှိကို ဆက်လက် ရှာဖွေလျက် ရှိကြောင်း ကနဦး သတင်းများ အရ သိရသည်။(Xinhua)