Environment, Disasters & Accidents
ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မွန်ပြည်နယ်၊ ဘီးလင်း မြို့ပေါ် တွင် ကယ်ဆယ်ရေးစခန်းများစတင်ဖွင့်လှစ်၊ ရေဝင်သည့်နေရာများ စတင်ပြောင်းရွှေ့
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မွန်ပြည်နယ်၊ ဘီးလင်း မြို့ပေါ် တွင် ကယ်ဆယ်ရေးစခန်းများ ယနေ့စတင်ဖွင့်လှစ်ပြီး ရေဝင်သည့်နေရာများ တွင်စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာကိုယနေ့ပြောသည်။
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က တာဝန်ရှိသူတစ်ဦးက “နေ့လည် ၂း၃၀ နာရီ တိုင်းတာချက်အရ လက်ရှိ ရေ Level က ၉၈၅ စင်တီမီတာပါ။ စိုးရိမ်ရေမှတ် က ၁၀၂၂ စင်တီမီတာပါ။ နောက်၂၄ နာရီ အတွင်း စိုးရိမ်ရေ မှတ် ကိုရောက်ရှိနိုင်တယ်လို့ ကျွန်တော်တို့ခန့်မှန်းရပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။
ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေကြောင်း မိုးဇလက ယနေ့ နံနက် ၉း၃၀ နာရီ တွင် ထုတ်ပြန်ခဲ့သည်။
ဒေါ်ဖြူလဲ့လဲ့ထွန်း က “မြေပြင်မှာ ပြည်နယ်အစိုးရအဖွဲ့ကတာဝန်ရှိသူတွေနဲ့ တစ်ခြားဌာနဆိုင်ရာတွေ ပါပူးပေါင်း ကူညီဆောင်ရွက်နေကြပါတယ်။ လိုအပ်ရင် ကျွန်မတို့ ဝန်ကြီးဌာန အနေနဲ့ စားစရာ ထောက်ပံ့တာတွေ ဆောင်ရွက်သွားမှာပါ’’ ဟုဖြည့်စွက်ပြောကြားသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလ က အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)