Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး အောင်လံမြို့အနီး အင်အား ရစ်တာစကေး (၄.၅) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် လှုပ်ခတ်

အောင်လံမြို့ အနီး လှုပ်ခတ်သွားခဲ့သည့် မြေငလျင် တည်နေရာအား ပြသထားစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး အောင်လံမြို့အနီးတွင် အင်အား ရစ်တာစကေး (၄.၅) အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခုသည် ယနေ့ အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်း အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုလှုပ်ခတ်သွားခဲ့သည့် မြေငလျင်၏ ဗဟိုချက် အနက် ၂၈ ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သဖြင့် ဇောက်တိမ် ငလျင် အမျိုးအစား ဖြစ်ပြီး ထိုနေရာ တစ်ဝိုက်တွင် လူနေအိမ်ခြေများ ရှိပါက သိရှိ ခံစားမိနိုင်ကြောင်း ၊ ယခုချိန်ထိ ထိခိုက်ပျက်စီးမှု သတင်း ရရှိမှု မရှိကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငလျင်က အောင်လံမြို့၏ အရှေ့ဘက် မိုင်(၃၀) ခန့်အကွာ မြောက်လတ္တီတွဒ် (၁၉.၃၅)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၉)၊ ဗဟိုချက်အနက် (၂၈)ကီလိုမီတာခန့်ကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၅)နာရီ (၄၆)မိနစ် (၅၁)စက္ကန့် အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း သိရသည်။ထို့အတူ စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ မြောက်လတ္တီတွဒ် (၂၄.၇၀)ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၇)ဒီဂရီ၊ အနက်(၉၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ယနေ့ အောက်တိုဘာလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၁၉)မိနစ်၊ (၅၂)စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.