Environment, Disasters & Accidents
မကွေးမြို့၌ ဘုန်းကြီးကျောင်း ကြမ်းခင်းပြိုကျမှုကြောင့် အမျိုးသမီး ၁၉ ဦးဒဏ်ရာရရှိ
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
မကွေးမြို့၌ ဘုန်းကြီးကျောင်း ကြမ်းခင်းပြိုကျမှု ကြောင့် အမျိုးသမီး(၁၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ ၁၄း၁၅နာရီ အချိန် မကွေးမြို့၊ ရန်ကင်းရပ်ကွက်နေ ကထိန်ဒါယကာ ဦးကျော်ဝင်းနှင့် မိသားစုတို့ လှူဒါန်းသည့် ရေစက်ချတရားပွဲတွင် စိတ္တသုခရွာဦး ဘုန်းကြီးကျောင်း၌ ဆရာတော် ဥူးအိန္ဒြေဘာသမှ တရားဟောကြားပြီး တရားနာ ပရိသတ် (၅၀)ဦးခန့် ကျောင်းပေါ်မှ ဆင်းရန်ပြုစဉ် အကျယ်(၁၀)ပတ်လည်ခန့် (၂)ခန်းပျဉ်ကြမ်းခင်း အောက်ရှိ အရှေ့ဘက်ဆုံးယက်မ(၂)ချောင်းမှာ ကျိုးကျသဖြင့် အမျိုးသမီး (၁၉)ဦးတွင် ဖူးရောင်နာကျင် ဒဏ်ရာများ (မစိုးရိမ်ရ)တို့ရရှိ၍ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူလျက်ရှိ ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)