Environment, Disasters & Accidents
မန္တလေးတိုင်းဒေသကြီး၌ ဧရာဝတီမြစ်ရေကျဆင်း၍ ကျောင်းပေါင်း ၁၀၀ ပြန်လည်ဖွင့်လှစ်
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၌ ဇူလိုင်လ အတွင်းက ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသော ကျောင်းများအား ရေပြန်လည်ကျဆင်းသွားသဖြင့် ကျောင်း ၁၀၀ပြန်လည် ဖွင့်လှစ်သင်ကြားနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းပေါင်း ၁ဝ၆ ကျောင်းအနက် သြဂုတ် ၁ ရက်နေ့တွင် ကျောင်းပေါင်း ၁ဝဝ ကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်ကြောင်း၊ ယာယီပိတ်ထားသည့် ကျောင်းများအနေဖြင့် မြစ်ရေကျဆင်း ၍ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ပိတ် ထားသည့်ရက်များအတွက် အဖိတ်နေ့နှင့် ဥပုသ်နေ့များတွင် အစားထိုးဖွင့်လှစ် သင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ အနက် မြင်းခြံမြို့နယ်၌ အများဆုံး ဖြစ်ပြီး စဉ့်ကူး၊ ညောင်ဦး၊ တောင်သာ၊ တံတားဦး၊ ငါန်းဇွန်၊ အမရပူရမြို့နယ်တို့မှ ဖြစ်ကြပြီး အထက သုံးကျောင်း၊ အထက (ခွဲ) ငါးကျောင်း၊ အလက ရှစ်ကျောင်း၊ အလက(ခွဲ)သုံးကျောင်း၊ မူလွန် ခုနစ် ကျောင်း၊ အမက ၇၈ ကျောင်းနှင့် အမက (ခွဲ) နှစ်ကျောင်းတို့ ပါဝင်ကြပြီး အဆိုပါ ကျောင်းများအနက် မြင်းခြံမြို့တွင် သုံး ကျောင်း၊ ညောင်ဦးတွင် တစ်ကျောင်းနှင့် တောင်သာမြို့နယ် တွင် နှစ်ကျောင်း စုစုပေါင်း ခြောက်ကျောင်းသာ ဖွင့်လှစ်နိုင် ရန် ကျန်ရှိကြောင်း သိရသည်။(Xinhua)