Environment, Disasters & Accidents
မလှိုင်မြို့နယ်တွင် လေပြင်း တိုက်ခိုက်မှုကြောင့် ငွေကျပ် ၁၆၁ သိန်း ဆုံးရှုံး
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)
မန္တလေး တိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခိုက်မှုကြောင့် ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၁ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အဆိုပါ မြို့နယ်အတွင်း မေလ ၁ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်း တိုက်ခိုက်မှုကြောင့် ဘုရားစေတီ (၂) ဆူ စိန်ဖူးတော် တိမ်းစောင်း ခဲ့ပြီး စေတီ (၉) ဆူမှာ ထီးတော် မြေခခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း (၂၅) ကျောင်း၊ စာသင်ကျောင်း (၁၀) ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ (၂) ခု၊ လူနေအိမ် (၁၉၇) အိမ် အမိုးများ လန်ကျ ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူနေအိမ် (၈) လုံး ပြိုကြခဲ့ကာ လူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နွား (၂) ကောင် သေဆုံးခဲ့သည်။
လေပြင်း တိုက်ခတ်မှုကြောင့် မလှိုင်မြို့နယ် အတွင်းရှိ အမှတ် (၂)၊ အမှတ် (၃) ရပ်ကွက်၊ ဝါးခွ ၊ မြင်းဦးလှည့်၊ ထန်းပင်ကန်၊ ရေငံ၊ သပြေပင်၊ အိုင်မာရိုး၊ ဖက်ကုန်း၊ မြင်းတွင်း၊ မြောက်လည်၊ ရုံးတော၊ ဝမ္ဘဲလူး၊ ကျပ်ဆည်၊ ရွာသစ်၊ သဲကန်၊ ဆုံတွင်း၊ အုပ်ဖိုကန်၊ သဘွတ်ကုန်း စသည့် ကျေးရွာအုပ်စု (၁၉) အုပ်စု မှ ကျေးရွာပေါင်း (၄၇) တွင် အဆောက်အဦ အချို့ ပျက်စီး ပြိုကျခဲ့သည်။ (Xinhua)