Environment, Disasters & Accidents
မူဆယ်၌ မိုးရွာသွန်းမှုကြောင့် အိမ်မြေပြိုကျကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိ

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)
မူဆယ်မြို့ ဟိုမိန်ရပ်ကွက် (၄၅)ကုန်းလမ်းသွယ်(၈)တွင် ယနေ့ ဇွန် ၂ရက်နေ့ နံနက် ၇နာရီကျော်၌ မိုးရွာသွန်းမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ အိမ်မြေပြိုကျမှုကြောင့် အိမ်ငှားနေထိုင်သူ ဦးဇင်စိုး (၂၁)နှစ် ဝမ်းဗိုက်ထိခိုက်ဒဏ်ရာရရှိကာ ၎င်း၏ ဇနီးဖြစ်သူ မပိုးအိစံမှာ နံရံအုပ်များဖြင့်ထိ၍ ဦးခေါင်းကျေသည့်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။(Xinhua)