Environment, Disasters & Accidents
မြစ်ရေမြင့်တက်မှုကြောင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များအား မိုးဇလထုတ်ပြန်
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)
မြစ်ရေမြင့်တက်နေသည့် အတွက် စိုးရိမ်ရေမှတ် သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၀၇၀ စင်တီမီတာ၊ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၀၃၀ စင်တီမီတာ နှင့် သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၆၂၀ စင်တီမီတာမြင့်တက်နိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)