Environment, Disasters & Accidents
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂၀၁၆ ခုနှစ် အတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၄၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ဦးရေ ၁၆၇ ဦးရှိ
ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ယာဉ်မတော်တဆမှုပေါင်း ၇၄၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆၇ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
တစ်နှစ် အတွင်း လအလိုက် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်မဆမှုများ အနက် မတ်လ ၊ ဧပြီလ ၊ မေလ နှင့် ဇူလိုင် နှင့် သြဂုတ်လတို့တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး ပျမ်းမျှအားဖြင့် ၇၀ နှင့် အထက် ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာ ရရှိသူ ၁၃၀၇ ဦး ရှိခဲ့ကြောင်း သိရသည်။(Xinhua)