Environment, Disasters & Accidents
ရန်ကုန်မြစ်အတွင်းထူးကဲဒီရေတက်ဖွယ်ရှိ
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိ ကာလအတွင်း တွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ ၂ဝ.၁၁ ပေခန့်မှ ၂ဝ.၅၃ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိ ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ယင်းထူးကဲဒီရေနှင့်ပတ်သက်၍ ယခင် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက်အမြင့်ပေ ၂၂ ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက် အမြင့် ပေ၂ဝ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်း နား ဒေသများအနီး နေထိုင်ကြသော ပြည်သူများအား ယခုကဲ့သို့ သတိပေး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်။ (Xinhua)