Environment, Disasters & Accidents
ရေဘေး ဖြစ်ပွားမှုကြောင့် ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း သေဆုံးသူ ၂၆ ဦးရှိ
ရန်ကုန် ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၆ ဦးထိ ရှိလာခဲ့ကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ နှင့် လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တို့မှ သြဂုတ် ၂၇ ရက် အထိ ထုတ်ပြန်ထားသော စာရင်းများ အရ သိရသည်။
ရေဘေး ဖြစ်ပွားမှုကြောင့် ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း ရေဘေးသင့် စခန်း ၃၉၄ ခု ဖွင့်လှစ်ခဲ့သည့် အနက် ၃၄၇ ခု ပိတ်သိမ်းပြီး လက်ရှိတွင် စခန်း ၄၇ ခုတွင် လူဦးရေ ၁၅၈၄၇ ဦး ယာယီ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း သိရသည်။
ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ၊ ပြည်ထောင်စု နယ်မြေ နေပြည်တော် ၊ ရှမ်းပြည်နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ကယားပြည်နယ် ၊ ကရင် ပြည်နယ် ၊ တနသာၤရီ တိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ စစ်ကိုင်း တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး ၊ မန္တလေး တိုင်းဒေသကြီး တို့တွင် ရေဘေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)