Environment, Disasters & Accidents
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုးသည်းထန်စွာရွာပြီး လယ်မြေ ဧက ၃၆၅ဧက ရေနစ်မြုပ်

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်တုံချောင်း ရေကြီးရေလျှံမှုကြောင့် သြဂုတ် ၃ဝ ရက် နံနက် ၄ နာရီခွဲခန့်က မိုင်းဆတ်-မိုင်းတုံ-မိုင်းပန်ကားလမ်းမ ရေကျော်ပြီး လယ်မြေ (၃၆၅ ဒဿမ၂၅)ဧက ရေနစ် မြုပ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် နောင်ပါရင်ရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ်(၃၃)လုံး ရေဝင်ရောက်ခြင်းနှင့် တောင်သူ(၂၁၇)ဦး၏ လယ်မြေ (၃၆၅ ဒဿမ၂၅)ဧက ရေနစ် မြုပ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း ရေကြီးရေလျှံမှုသည် လူ၊ တိရစ္ဆာန်နှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။(Xinhua)