Environment, Disasters & Accidents
လားရှိုးမြို့နယ်၌ လက်လုပ်မိုင်း နှစ်လုံး ပေါက်ကွဲ
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
လားရှိုးမြို့နယ် ဟိုပိတ်ရွာအနီး သံလွင်ဓါတ်ဆီအရောင်းဆိုင်အနီးတွင် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီက လက်လုပ်မိုင်း နှစ်လုံး ပေါက်ကွဲခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် အပျက်အစီး မရှိခဲ့ကြောင်း၊ ယင်း အခင်းဖြစ်နေရာအား လံုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းလျက်ရှိသည်။
နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် နမ့်ခမ်းမြို့နယ် လွယ်အင်ကျေးရွာအဝင် ညောင်ပင်အနီးတွင်လည်း TNLA လက်နက်ကိုင် အဖွဲ့က ထောင်ထားသည့် မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး မူဆယ်မြို့အနောက်ဘက် ၃ မိုင် ၆ ဖာလုံခန့်အကွာ ပန်ခမ်းကျေးရွာတွင် နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီအချိန်ခန့်က မိုင်း တစ်လုံးပစ်ချ ဖောက်ခွဲခဲ့သည်။(Xinhua)