Environment, Disasters & Accidents
လေပြင်းတိုက်ခိုက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အပျက်အစီးအချို့ရှိ

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
ယနေ့ လေပြင်းများ တိုက်ခိုက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အပျက်အစီးအချို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
မိုးရွာပြီး လေပြင်းများတိုက်ခိုက်မှုကြောင့် မြို့နယ်အချို့တွင် သစ်ပင်များပြိုလဲခြင်း၊ ကားများပေါ်သို့ ပန်းအိုးများ ပြိုကျခြင်းနှင့် နေအိမ်အမိုးများလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အပျက်အစီးအများဆုံးဖြစ်သည့် ရွှေပြည်သာမြို့နယ်အမှတ် ( ၈) ၊ (၉) နှင့်၂၀ ရပ်ကွက်တို့ရှိ နေအိမ်များ အမိုးလန်ခြင်း၊ပြိုကျပျက်စီးခြင်းများ ဖြစ်ခဲ့ပြီး အိမ်ခြေရာချီ ပျက်စီးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၊ သာကေတ၊ စမ်းချောင်း၊ ဗိုလ်တထောင်စသည့်မြို့နယ်များတွင် သစ်ပင်များ ပြိုလဲခြင်းများဖြစ်ပွားပြီး လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် လှိုင်သာယာမြို့ဦး အောင်မြေသာယာရွှေစေတီတော် ထီးတော်မြေခခဲ့ကြောင်း သိရသည်။(Xinhua)