Environment, Disasters & Accidents
သန်လျင်ဆေးရုံကြီး တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူမရှိ
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ယနေ့ ၁၃း၁၂ နာရီခန့် အချိန်တွင် သန်လျင်မြို့နယ် သန်လျင်ဆေးရုံကြီး တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (သန်လျင်) မှ ဆင်ဟွာသို့ ပြောသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (သန်လျင်) မှ တာဝန်ရှိသူတစ်ဦးက “မီးလောင်တာကအရေးပေါ်ပြင်ပလူနာဌာန တိုးချဲ့ဆောင် (၁) မှာ လောင်တာပါ။ မီးက Level 1 အဆင့်ပဲရှိပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ ကျွန်တော်တို့မတွက်ချက်ရသေးပါဘူး’’ ဟုပြောသည်။
အောက်တိုဘာလ ၁၇ရက် ၁၃:၁၂နာရီ အချိန်ခန့်တွင် သန်လျင်မြို့နယ်၊ သန်လျင်ဆေးရုံကြီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် level1ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၃:၁၅ အချိန် မီးထိန်းနိုင်ကာ ၁၃:၂၀ အချိန် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ (Xinhua)