Environment, Disasters & Accidents
သံလွင်မြစ်ရေ ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် သုံးပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း ယနေ့ မွန်းလွဲ နှစ်နာရီခွဲ တိုင်းတာချက်အရ သိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘားအံမြို့ တွင် သုံးပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ကြေညာထားကြောင်း သိရသည်။(Xinhua)