Environment, Disasters & Accidents
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ညောင်တုန်းမြို့၌ စာသင်ကျောင်း ၃၁ ကျောင်း ယာယီပိတ်ထားရ
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
စာသင်ကျောင်းများအတွင်း ဧရာဝတီမြစ်ရေများ ဝင်ရောက်လာမှုကြောင့် သွားလာမှု ခက်ခဲပြီး အန္တရာယ်ရှိလာနိုင်ခြင်း၊ အခြေခံပညာကျောင်း အချို့ ရေကြီးနစ်မြုပ်မှုများရှိလာခြင်း၊ သဘာဝ ဘေးအန္တရာယ်အခြေအနေများကြောင့် ဇူလိုင် ၂၃ ရက်ထိ အခြေခံပညာမူလတန်းကျောင်း ၁၄ ကျောင်း ယာယီ ပိတ်ထားခဲ့ရာမှ ဇူလိုင် ၂၄ ရက်တွင် အခြေခံပညာ စာသင် ကျောင်း ၁၇ ကျောင်းကို ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့တွင် ယခု ရက်များအတွင်းဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့်ညောင်တုန်းမြို့၏စိုးရိမ်ရေမှတ် ၂၂ . ၅ ပေနှင့်အထက် အန္တရာယ်ရေမှတ် ၂၄ . ၅ ပေသို့ ကျော်လွန်ရောက်ရှိ ကာ ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီအချိန် တိုင်းထွာချက် အရ ၂၅.၀၀ ပေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မြို့၏ မြို့ပတ်တာအမြင့်မှာ ၃ဝ .၅ဝ ပေ ဖြစ်သည်။
အဆိုပါမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပတ်ရေကာ တာများ ထူးပေါက်ပေါက်ခြင်း၊ ရေစိမ့်ဝင်ခြင်းမရှိစေရေး ရေဘေးအန္တရာယ်ကင်းဝေးစေရေး၊ မြို့ပတ်ရေကာတာများ ကြံ့ခိုင်မှုရှိစေ ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပတ်ရေကာ တာများ ထူးပေါက်ပေါက်ခြင်း၊ ရေစိမ့်ဝင်ခြင်းမရှိစေရေး၊ ရေဘေးအန္တရာယ်ကင်းဝေးစေရေး၊ မြို့ပတ်ရေကာတာ များ ကြံ့ခိုင်မှုရှိစေရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရှိကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးရုံးမှ သိရသည်။
အရေးပေါ်အခြေ အနေများဖြစ်ပေါ်လာပါက ဆောင်ရွက်နိုင်ရန် သဲအိတ်များ စုဆောင်းထားရှိခြင်း၊ ပီနန်အိတ်ခွံများနှင့် မြို့ရေကာတာ များတွင် နေ့ညမပြတ် ရေကင်းများချထားဆောင်ရွက် လျက်ရှိပြီး အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက ရေဘေးကာကွယ်ရေးပစ္စည်းများအသင့်ရှာဖွေထားရှိပြီး ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွင်းရေးမှူး ဦးသန့်ဇင်ဝင်း(ဦးစီးအရာရှိ)က ရှင်းပြ သည်။ ထို့ပြင်ရေကာတာရေပေါက်များ ကျိုးပေါက်မှု မရှိ စေရေး၊ ရေစိမ့်ဝင်နိုင်သောနေရာများအား စနစ်တကျ ပိတ်ဆို့ကာကွယ်ရေးနှင့် မြို့ပတ်တာကျိုးပေါက်မှုမရှိစေရေး အတွက် အချိန်နှင့်တစ်ပြေးညီ နေ့ညမပြတ် စောင့်ကြည့် လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အများပြည်သူ များနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိသကြောင်း သိရသည်။
ထို့ပြင် ယခုလက်ရှိအခြေအနေတွင် မြို့၏အန္တရာယ်ရေမှတ်အထက် ၂၅ ပေ အထက်သို့ ရောက်ရှိ နေပြီဖြစ်သည်။ ညောင်တုန်းမြို့ပတ်တာ ပတ်ဝန်းကျင်အနီးရှိ ရေနစ်မြုပ်ဝင်ဒေသများ၊ ကျေးရွာများမှ သက်ကြီးရွယ်အို များ၊ ကလေးများမှာ မိမိအစီအစဉ်ဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့နေထိုင်မှုများရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)