Environment, Disasters & Accidents
ဧရာဝတီမြစ်ရေ ုမြင့်တက်နိုင်
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်ရေသည် မေလ ၂၄ ရက် မွန်းတည့် မှ နောက် (၃) ရက်အတွင်း ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် (၄) ပေမှ (၆) ပေခန့် အထိ မြင့်တက်နိုင်သလို အခြား မြို့တချို့တွင်လည်း မြင့်တက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။
နောက် (၃) ရက်မှ (၇) ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၅) ပေမှ (၆) ပေခန့်၊ ယနေ မွန်းတည့်မှ နောက် (၁၂) ရက်အတွင်း ပခုက္ကူမြို့ ၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် (၈) ပေမှ (၁၀) ပေခန့် လက်ရှိ ရေမှတ်များ အထက် မြင့်တက်လာနိုင်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ဧရာဝတီမြစ် တစ်လျှောက်ရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူး သတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။
မိုးရွာသွန်းနိုင်မှု အခြေအနေ အနေဖြင့် မေလ ၂၂ ရက်မှ ၂၆ ရက်နေ့ အတွင်း မြန်မာတစ်ပြည်လုံးတွင် မိုးရွာသွန်းပြီး အထူးသဖြင့် ကချင် ၊ စစ်ကိုင်း (အထက်ပိုင်း) ၊ မွန်နဲ့ တနင်္သာရီ ရွာသွန်းမြဲ မိုးရေချိန်တို့ထက် ပိုမို ရွာသွန်းနိုင်ကြောင်း သိရသည်။
မေလ ၂၇ ရက်မှ ၃၁ ရက် အတွင်း တစ်ပြည်လုံးတွင် မိုးရွာသွန်းပြီး ရွာသွန်းမြဲ မိုးရေချိန်တို့ထက် ပိုနိုင်တဲ့ ဒေသတွေကတော့ ကယား၊ ကရင်၊ မွန်နဲ့ တနင်္သာရီ တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)