Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်အတွင်း ပလတ်စတစ်ညစ်ညမ်းမှုများ ဖြေရှင်းမည်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ရဲမြင့်ဆွေ အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ပလတ်စတစ် ညစ်ညမ်းမှုအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် မြန်မာနိုင်ငံ အမျိုး သားအဆင့် စွန်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၃၀ ကို ရေးဆွဲခဲ့ရာ ဧရာဝတီမြစ်အတွင်း ပလတ်စတစ်ညစ်ညမ်းမှုများ ဖြေရှင်းရေးစီမံချက်လည်း ပါဝင် ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ယနေ့ ပြောကြားခဲ့သည်။

“ဧရာဝတီမြစ်အတွင်းမှာ ပလတ်စတစ်ညစ်ညမ်းမှုများဖြစ်ပေါ်နေတဲ့အတွက် မြစ်ရဲ့ ဂေဟစနစ်များ၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ်မှာ ထိခိုက်နေပါတယ်။ ဒါ့အပြင် ပလတ်စတစ် အမှုန်အ မွှားများမှာ ရေနဲ့ အစားအစာများအတွင်းသို့ ရောက်ရှိသွားသဖြင့် လူသားတို့ရဲ့ ကျန်းမာရေး အပေါ် ဆိုးရွားစွာ ထိခိုက်စေမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ ကျေးလက်ဒေသများမှာ သင့်လျှော်သော စွန်ပစ်ပစ္စည်းစီမံခန့်ခွဲ မှု မရှိခြင်းဟာလည်း ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာကို ပိုမိုဆိုးရွားစေပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက နေပြည်တော် Hilton Hotel ၌ ယနေ့ကျင်းပသည့် ဧရာဝတီမြစ်တွင်း ပလတ်စတစ်ညစ်ညမ်းမှု ဖြေရှင်းရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဂျာမန်သံရုံး ပထမ အတွင်းဝန် Mr. Oliver Florian Hoos အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ရှင်းလင်း ဖြေကြားစဉ်။(ဆင်ဟွာ)

ဧရာဝတီမြစ်တွင်း ပလတ်စတစ်ညစ်ညမ်းမှု ဖြေရှင်းရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်။(ဆင်ဟွာ)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း “နှစ်အလိုက် ဒီ ၂၀၁၉ က စပြီးတော့ ၂၀၃၀ အထိပေါ့။ ပလတ်စတစ် စွန့်ပစ်ရေးစီမံ ချက်နဲ့ ပတ်သက်ပြီး အသေးစိတ် ရည်မှန်း ချက်တွေ ချပြီး ဆောင်ရွက်သွားဖို့ရှိတယ်။ အခုလည်းစပြီးတော့ ပလတ် စတစ်ကတော့ စွန့်ပစ်တာ လူတိုင်းလူတိုင်းနဲ့ ဆိုင်တဲ့ အမှိုက်ပေါ့။ လူတိုင်း၊ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ အလွှာ အသီးသီးက ပူးပေါင်းပါဝင်ဖို့လိုတယ်။ အစိုးရအဖွဲ့အနေနဲ့လည်းပဲ Action Plan ကို အကောင်အထည် ဖော်ဖို့ အတွက် လုပ်ထုံးလုပ်နည်း ဥပဒေ တွေ၊ နည်းဥပဒေတွေ ရေးဆွဲဖို့လိုတယ်။ တစ်ဖက်က ပညာပေး ဆောင်ရွက်ဖို့ လိုအပ်သလို တစ်ဖက်ကလည်း ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ဖို့ အရေးကြီးလာတယ်။ ကျနာ်တို့ အဓိက ကြုံတွေ့နေရတဲ့ ပြဿနာက အမှိုက်စထွက်တဲ့ နေရာ။ ဒီအမှိုက်တွေကို ဘယ်လိုလုပ် ခွဲခြားပြီး စုစည်းမလဲဆိုတဲ့ကိစ္စတွေပဲ။ ဒီအလေ့အကျင့်လုပ်ဖို့က ပထမစဉ်းစားရမယ်။ ၂၀၂၀ ဆို ဘယ်အဆင့် ကိုရမလဲ။ ၂၅ ရာခိုင်နှုန်းပေါ့။ ၂၀၂၅ ဆို ၅၀ ရာခိုင်နှုန်း၊ ၂၀၃၀ ဆိုရင် ရာနှုန်းပြည့်၊ ဒါ အကုန်လုံး အမှိုက်ကို ခွဲခြားစုသိမ်းတဲ့ စနစ်ကို အကောင်အထည် ဖော်ရပါမယ်” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ ဒုတိယ ဝန်ကြီးနှင့် အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သံရုံးများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပ NEOs များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.