ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဆွေးနွေးနေသော တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်း ဆွေးနွေးပွဲကို တစ်ပတ်ခန့် ယာယီ ရပ်နားမည်ဖြစ်ကြောင်းနှင့် မတ်လ (၃၀) ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အာဏာခွဲဝေခြင်းနှင့် ပတ်သက်၍ တပ်မတော်မှ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းသည် လက်ရှိဆွေးနွေးနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကောင်းသည့် ရလဒ်ထွက်လာနိုင်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တချို့က မှတ်ချက်ပေးသည်။
ရန်ကုန်၊ မတ်၂၀ ရက် (ဆင်ဟွာ) ပုပ္ပားတောင်မကြီးတွင် မတ်လ ၁၃ ရက် ကတည်းက တောမီးလောင်ကျွမ်းခဲ့ရာ ယနေ့ ၈ ရက်ကြာသည်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ပြီး ယခုမီးလောင်မှုသည် ပုပ္ပါးတောင် အတွက် အကြီးကျယ်ဆုံး မီးလောင်မှုတစ်ခုဖြစ်သည်ဟု ပုပ္ပါးတောင် ချစ်သူများအသင်းမှ ဦးကျော်ဝင်းဆွေက ဆင်ဟွာသို့ ပြောသည်။
ရန်ကုန်၊ မတ်၂၀ ရက် (ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူများ၏ ကျင့်ဝတ်နှင့် ပက်သက်၍ ယနေ့ ကြေညာချက ်ထုတ်ပြန် လိုက်သည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ- တရုတ်နယ်စပ်တွင် ဖြစ်ပေါ်နေသော ကိုးကန့်နှင့် တပ်မတော် တိုက်ပွဲများနှင့် ပတ်သတ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ သီးသန့် ဆွေးနွေးရန်...
မလေးရှား ၊ မတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ နယ်စပ်တွင် တရုတ်နိုင်ငံဘက်သို့ ဗုံးကျရောက်သည့် အတွက် တရုတ်နိုင်ငံသား (၅) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိ ခဲ့သည့် ဖြစ်ရပ်ကို မြန်မာနိုင်ငံဘက်မှ စုံစမ်းစစ်ဆေး မှုများ ပိုမိုလုပ်ဆောင် သွားမည် ဖြစ်ကြောင်း...
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် နှစ်ရက်အတွင်း ပိုမို မဟာဗျူဟာကျသည့် တောင်ကုန်းများ သိမ်းယူ ရရှိနိုင်ရေးအတွက် အစိုးရ တပ်မတော်သည် ကိုးကန့်တပ်များအား လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင် နေကြောင်း အစိုးရ၏ မီဒီယာတွင် မတ်လ (၁၁) ရက်က ဖော်ပြထားသည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှ့မြောက်ပိုင်း လောက်ကိုင် ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားစဉ်က ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ် နှစ်ခုကို မြန်မာ အာဏာပိုင်များမှ ပြန်လည် ဖွင့်လှစ်လိုက်ပြီး ဖြစ်ကြောင်း တပ်မတော်၏ မီဒီယာ တစ်ခု ဖြစ်သည့် မြဝတီ နေ့စဉ်သတင်းစာတွင် မတ်လ...
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) အမျိုးသားလွှတ်တော်တွင် ကျင်းပသော အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲသို့ ကျောင်းသားကိုယ်စားလှယ်များ ရောက်ရှိလာပြီး လက်ရှိ လက်ပံတန်း သပိတ်အခြေအနေကြောင့် မဆွေးနွေးဘဲ ပြန်လည် ထွက်ခွာခဲ့ကြောင်း တက်ရောက်ခဲ့သော ကျောင်းသား ကိုယ်စားလှယ် ကိုဇေယျာလွင်က ပြောကြားသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ကမ္ဘာ့ အံ့ဖွယ်တံတား (၁၀) စင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဂုတ်ထိပ်တံတား သို့ စင်းလုံးငှား ရထားဖြင့် သွားရောက် လေ့လာနိုင်မည့်ခရီးစဉ်တစ်ခုကို မြန်မာ့မီးရထားမှ ဖေဖော်ဝါရီလ အတွင်း စတင် ပြေးဆွဲ နေပြီဟု သတင်းထုတ်ပြန်သည်။