Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ရလဒ်များကို ရက်သတ္တပတ် တစ်ပတ် အတွင်း ၉၉ . ၀၄ ရာခိုင်နှုန်း ကြေညာခဲ့ပြီး လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ဖြစ်အောင် အထူးကြိုးစားခဲ့ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေး ပြောကြား

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး နိုဝင်ဘာလ ၉ ရက်နေ့ က နေပြည်တော် ၊ မီဒီယာ စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရွေးကောက်ပွဲ ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရက်သတ္တပတ် တစ်ပတ် အတွင်း ၉၉ . ၀၄ ရာခိုင်နှုန်း ကြေညာ နိုင်ခဲ့ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင် အထူး ကြိုးစားခဲ့ကြောင်း ၊ အားလုံး ညှိညှိနှိုင်းနှိုင်းဖြင့် အပေးအယူ မျှတစွာ ဆောင်ရွက်ပါက အသွင်ကူးပြောင်းမှု တည်ငြိမ် အေးချမ်းစွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာရန် ကျန်ရှိသည့် ဆန္ဒမဲ ရလဒ်မှာ ၁ ရာခိုင်နှုန်း ဖြစ်ပြီး ယင်းတို့မှာ ကချင်ပြည်နယ် နောင်မွန်းမြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့ဖြစ်၍ ၎င်းမြို့နယ်များမှ မဲများသည် ခရီးဝေး သဖြင့် မဲစာရင်းများ မရောက်ရှိလာသေး သဖြင့် ရလဒ်များ မသိရသေးသည့် အတွက် ပြည်သူ့လွှတ်တော် ၂ နေရာ ၊ အမျိုးသား လွှတ်တော် ၁ နေရာ ၊ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော် ၄ နေရာနှင့် တိုင်းရင်းသား လူမျိုးစု ၄ နေရာ ကျန်ရှိနေသေးကြောင်း သိရသည်။

ရွေးကောက်ပွဲ ဆန္ဒမဲ ရလဒ်များကို တစ်ပတ်အတွင်း ရာနှုန်းပြည့် ဖြစ်အောင် ကြိုးစားသော်လည်း ဘယ်လိုမှ မဖြစ်နိုင်သည့် အခြေအနေ ဖြစ်သွားသဖြင့် ပြည်သူ့ လွှတ်တော် အတွက် ၂ မြို့နယ် ကျန်သည်နှင့် ကျန်သည့် လွှတ်တော်များတွင် လိုက်၍ ကျန်သွားခြင်း ဖြစ်ကြောင်း ၊ ကျန်ရှိထားသည့် ဆန္ဒမဲ ရလဒ်များကို နောက်အကျဆုံး နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာ နိုင်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်များအရ တိုင်းဒေသကြီး/ပြည်နယ် အများစုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အများဆုံး အသာစီး ရရှိခဲ့ပြီး ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) နှင့် ရခိုင် အမျိုးသား ပါတီ (ALP) တို့မှ အနိုင် ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၏ ယနေ့ရှင်းလင်း ပြောကြားချက် အရ သိရသည်။

ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆,၀၃၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ၃၂၃ နေရာ ရှိသည့် အနက် ၃၂၁ နေရာတွင် နိုင်ငံရေးပါတီ ၁၁ ပါတီ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦး အနိုင်ရခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ် ၂၅၅ ဦးဖြင့် အများဆုံး အနိုင် ရရှိထားသည်။

အမျိုးသား လွှတ်တော် ၁၆၈ နေရာ ရှိသည့်အနက် ကြေညာပြီး ဖြစ်သည့် ၁၆၇ နေရာတွင် နိုင်ငံရေး ပါတီ ၈ ပါတီနှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် ၂ ဦး အနိုင်ရခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ် ၁၃၅ ဦးဖြင့် အများဆုံး အနိုင် ရရှိထားသည်။

တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် ၆၃၀ နေရာ ရှိသည့်အနက် ကြေငြာပြီး ဖြစ်သည့် ၆၂၆ နေရာတွင် နိုင်ငံရေး ပါတီ ၂၀ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦး အနိုင်ရခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ် ၄၇၄ ဦးဖြင့် အများဆုံး အနိုင်ရရှိထားသည်။
တိုင်းရင်းသား လူမျိုးစု လွှတ်တော် ၂၉ နေရာတွင် ၂၅ နေရာကြေညာခဲ့ပြီး ဖြစ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ၁၇ နေရာ အများဆုံး အနိုင် ရရှိထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117