Connect with us

Politics, Law & Military

ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးကောက်ပွဲရလဒ်ကို ဆောလျင်စွာ လက်ခံခဲ့မှုအား လေးစား ဂုဏ်ပြုပါကြောင်း သူရဦးရွှေမန်း နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးနောက် ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းထံသို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းအချိန်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်၌ လာရောက် တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ နှစ်သိမ့် အားပေးခဲ့သလို ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးကောက်ပွဲရလဒ်ကို ဆောလျင်စွာ လက်ခံခဲ့မှုအား လေးစား ဂုဏ်ပြုပါကြောင်း ပြောကြား သည်ဟု သိရသည်။

လွှတ်တော်များ အတွင်း လွှတ်တော်ရေးရာ ကိစ္စရပ်များကို အောင်မြင်အဆင်ပြေစွာ ဆက်လက် ဆောင်ရွက်ပေးစေ လိုပါကြောင်း ၊ ပြည်ခိုင်ဖြိုး ပါတီနှင့် အခြားပါတီ ကိုယ်စားလှယ်များနှင့် အတူ ဒီမိုကရေစီ လုပ်ငန်းများ အောင်မြင် အဆင်ပြေစွာ ဆောင်ရွက်ရေးအတွက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ၎င်း၏ Facebook လူမှု စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ထိုပြင် ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုမှုကို နိုဝင်ဘာလ ၁၉ ရက် ၊ နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူရ ဦးရွှေမန်း က ၎င်း၏ လူမှု စာမျက်နှာတွင် ရေးသားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.