Connect with us

Politics, Law & Military

လွှတ်တော် သက်တမ်း တစ်ရပ်၏ နောက်ဆုံး အစည်းအဝေး ဖြစ်၍ ဥပဒေများကို အချိန်မီ ပြီးစီးနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ပြောကြား

အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ယခု ကျင်းပသည့် လွှတ်တော် အစည်းအဝေးသည် ပထမအကြိမ် လွှတ်တော် သက်တမ်း တစ်ရပ်၏ နောက်ဆုံး အစည်းအဝေး ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး စီးပွား ဖြစ်ထွန်း စေမည့် ဥပဒေများကို အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ယနေ့နိုဝင်ဘာလ ၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ပထအကြိမ် အမျိုးသား လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် တိုက်တွန်း ပြောကြားခဲ့သည်။

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ယခု ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ကျန်ရှိသည့် ဥပဒေများကို လက်စသတ် ပြီးစီးအောင် ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်အားလုံး လွှတ်တော်အစည်းအဝေး ကာလများကို တတ်နိုင်သမျှ စုံစုံညီညီ တတ်ရောက်ပြီး အင်တိုက် အားတိုက် ဆောင်ရွက်သွားကြရန် လွှတ်တော် ကိုယ်စားလှယ်များအား အစည်းအဝေး စတင်ချိန် အဖွင့် အမှာစကား ပြောကြားခဲ့သည်။

ပထမအကြိမ် အမျိုးသား လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ကျင်းပ ပြီးစီးပြီးနောက် ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၃၃ ခု ကျန်ရှိခဲ့ပါသည်။ ယင်းဥပဒေကြမ်း ၃၃ ခုမှာ အမျိုးသား လွှတ်တော်၌ ဆောင်ရွက်ဆဲ ဥပဒေကြမ်း ၁၄ ခု ၊ အမျိုးသား လွှတ်တော်မှ ပြည်သူ့လွှတ်တော်တွင် ဆောင်ရွက်နိုင်ရန် ပေးပို့ထားသည့် ဥပဒေကြမ်း ၁ ခု ၊ ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်း ၂ ခု ၊ ပြည်သူ့လွှတ်တော်မှ အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပေးပို့လာသည့် ဥပဒေကြမ်း ၁၆ ခု စုစုပေါင်း ၃၃ ခုတို့ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ဆောင်ရွက်ဆဲ ဥပဒေကြမ်း ၁၅ ခု ရှိကြောင်း သိရသည်။

နည်းဥပဒေကြမ်းများနှင့် စပ်လျဉ်းပြီး လွှတ်တော်တွင် တင်သွင်းခြင်း ၊ ဆွေးနွေးခြင်း ၊ အတည်ပြုခြင်းတို့ကို တတ်နိုင်သမျှ ပြီးပြတ်အောင် ဆောင်ရွက်မည် ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များက အခြားသော မေးခွန်းများ ၊ အဆိုများ တင်သွင်းခြင်း ကိစ္စတို့နှင့် စပ်လျဉ်းပြီး အရေးကြီး လိုအပ်ချက် မရှိပါက ဆောင်ရွှက်ခြင်း မပြုကြရန် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

ထို့ပြင် ပထမအကြိမ် လွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်၍ ယခုအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပေးပို့ထားသည့် နည်းဥပဒေကြမ်း ၉ ခုကို ဖြန့်ဝေပေးရန် ရှိပြီး ယခု ဖြန့်ဝေမည့် နည်းဥပဒေများသည် ရက်ပေါင်း ၉၀ အတွင်း ပြည့်မီနိုင်ခြင်း မရှိသည်အတွက် နည်းဥပဒေများနှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက် အဆို တင်သွင်းလိုပါက ဆောလျှင်စွာ တင်သွင်းကြရန် လွှတ်တော် ကိုယ်စားလှယ်များအား မေတ္တာရပ်ခံပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117