Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ရလဒ် အခြေပြု ဒုတိယ အကြိမ် လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပရေး ညှိနှိုင်း ပူးပေါင်း၍ ဆက်လက် ဆောင်ရွက် သွားမည်ဟု လွှတ်တော်ရုံးမှ သတင်းထုတ်ပြန်

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေပုံအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရွေးကောက်ပွဲ ရလဒ်များကို အခြေပြု၍ ဆက်လက် ဆောင်ရွက်ပေးရမည့် ဒုတိယ အကြိမ် လွှတ်တော် အစည်းအဝေးများ ခေါ်ယူ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်း ပူးပေါင်း၍ တည်ဆဲ ဥပဒေ ၊ နည်းဥပဒေများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု လွှတ်တော်ရုံးမှ ယနေ့နိုဝင်ဘာ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

လွှတ်တော် အသီးသီး၏ ဒုတိယ သက်တမ်းအတွက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တည်ငြိမ် အေးချမ်းအောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ ထိုသို့အောင်မြင်သော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင်များ ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ပြည်တွင်း/ပြည်ပ ဌာန ၊ အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံသား ပြည်သူများ အားလုံးကို ပြည်ထောင်စု လွှတ်တော် ကိုယ်စား ချီးကျူး ဂုဏ်ပြုအပ်ပါကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.