Connect with us

Politics, Law & Military

ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြှင့်တင်ရေးစီမံကိန်း အတွက် အဆိုပြုချက်များ ကို စနစ်တကျစိစစ်သွားမည်

ရန်ကုန်မြို့ရှိ ရန်ကုန်ဘူတာကြီးအားမြင်တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်)

ရန်ကုန်၊နိုဝင်ဘာ၁၄ရက်(ဆင်ဟွာ)

ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြှင့်တင်ရေးစီမံကိန်း စိတ်ဝင်စားမှု တင်ပြလာသော အဆိုပြုချက်များ ကို ကျွမ်းကျင်သူများ၊ အကြံပေးများနှင့် စနစ်တကျ စိစစ်သွားမည်ဖြစ်ပြီး၊ ကြေညာချက်ထုတ်ပြန် ပေးသွားမည်ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့် မြှင့်တင်ရေးစီမံကိန်းအတွက် ရင်းနှီး တည်ဆောက် လိုသူများ၏ ပြန်လည်ခေါ်ယူခဲ့သည့် အဆိုပြုလွှာပြန်လည်ခေါ်ယူခဲ့ပြီး နိုဝင်ဘာ ၆ ရက် တွင် နောက်ဆုံး သတ်မှတ်ရက်အဖြစ် တင်ဒါပိတ်ခဲ့ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်သည်။

မြန်မာ့မီးရထား အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်းကိုလည်း ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ရာ လိုအပ်ချက်များရှိနေသည့်အတွက် ထပ်မံခေါ်ယူခဲ့ရာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်က တင်ဒါခေါ်ယူမှု ပိတ်ခဲ့ပြီး လက်ရှိ တွင် ပြည်တွင်း ပြည်ပ ကုမ္ပဏီပေါင်း ၅ဝ ကျော် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့် မြှင့်တင်ရေးစီမံကိန်းအတွက် စိတ်ပါဝင်စားမှု ဖော်ပြချက်(Expression of Interest-EOI) ပြန်လည်ခေါ်ယူ ထားကြောင်း၊ ကုမ္ပဏီအားလုံး ၅၄ ခု ရှိကြောင်း၊ ပြည်တွင်း ၊ပြည်ပ ကုမ္ပဏီများအားလုံးပါဝင်ကြောင်းကို မြန်မာ့မီးရထားမှ သတင်းရရှိသည်။

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်ဘူတာကြီးယာဒ်ဝင်းနယ်မြေကို မဟာရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်၏ အရေးပါသော အစိတ်အပိုင်း တစ်ရပ်ဖြစ်လာစေရန် အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဟု သိရပြီး ရန်ကုန်ဘူတာကြီး ယာဒ်ဝင်းနယ်မြေ ဧရိယာ ၂၅ .၇၄၆ ဟက်တာ(၆၃ .၆၂၂ ဧက)ပေါ်တွင် ရထားလုပ်ငန်းနှင့် ဆက်စပ်လျက် ရှိသော စီးပွားရေးလုပ်ငန်းများ၊ အထပ်မြင့် အဆောက်အအုံများ၊ ဘက်စုံဖွံ့ဖြိုးရေးနှင့် ပို့ဆောင် ရေးစနစ်များပါဝင်မည့် စီမံကိန်းတစ်ရပ် ကို ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်းကလည်း EOI ခေါ်ယူမှုပြုလုပ်ခဲ့ပြီး မြန်မာ့မီးရထား၏ မျှော်မှန်းချက်များနှင့် သတ်မှတ်ချက်များ ပြည့်မီခြင်းမရှိသည့်အတွက် တင်ဒါပြန် လည်ခေါ် ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.