ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် Online လိုင်းမှတစ်ဆင့် နိုင်ငံခြားမှ ငွေများ၊ လက်ဆာင်များ ပေးမည့်ဟုဆိုကာ ငွေကြေးလိမ်လည်သော နိုင်ငံခြားသားများပါဝင်သည့် လူလိမ်ဂိုဏ်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၏ ပထမဆုံးလဖြစ်သည့် အောက်တိုဘာလတွင် အခွန်ခွန်အရပ်ရပ်မှ ငွေကျပ် ၃၁၈ ဒသမ ၄၅၇ ဘီလီယံ ကောက်ခံရရှိခဲ့ကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၂၃...
ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ချင်းပြည်နယ် ၊ မင်းတပ်ခရိုင် ၊ မတူပီမြို့နယ် ၊ လိုင်လင်းပီမြို့ရှိ လိုင်လင်းပီလေယာဉ်ကွင်းငယ်တည်ဆောက်ရေးစီမံကိန်းမှာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၅ ရာခိုင် နှုန်းတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သယ်ဆောင်မည့် ကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်းအား ၆ ဘီးမော်တော်ယာဉ်တစ်စီးပေါ်မှ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC)က ယနေ့...
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် Myanmar National League ကလပ်အသင်းအများစုသည် လာမည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအတွင်း လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင်ပြောကြားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အာကာသဟင်းလင်းပြင်အတွင်း လက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်းမပြုရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှားပါးမျိုးစိတ်ဖြစ်သည့် အောင်လောင်ငှက် အပါအဝင် မျိုးဆက်ပျက်သုန်းမည့်အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှသာ အလားအလာကောင်းနိုင်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ “သားငှက်တိရစ္ဆာန်တွေကို ဟင်းလျာ အနေနဲ့...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၆နာရီကျော်က သဲများတင်ဆောင်လာသည့် ၆ ဘီးယာဉ် တစ်စီးသည် လူနေအိမ်တစ်လုံးအား ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူးက...
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်လျားကန်ဘောင်၊ ပန်းခြံများနှင့် ကစားကွင်းများအားလုံးကို ခရစ္စမတ်နှင့် နိုင်ငံတကာနှစ်သစ်ကူး ပိတ်ရက်ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်ထိ ပိတ်ထားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ညွှန်ကြားထားကြောင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် YBS စီးနင်းသူ ဦးရေ ၄၀၀,၀၀၀ ဝန်းကျင်ရှိရာမှာ ဒီဇင်ဘာလတွင် စီးနင်းသူဦးရေ ၅၀၀,၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်ခဲ့သောကြောင့် YBS ယာဉ်များအား အစီးရေ ၃၀၀၀ ကျော်အထိ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး...