Connect with us

Environment, Disasters & Accidents

ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်မှု ၃၄ ရာခိုင်နှုန်း ပြီးစီး၊  ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနိုင်ရန် ခန့်မှန်းဆောင်ရွက်လျက်ရှိ

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း တည်ဆောက်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်မှု ၃၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း နှင့် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနိုင်ရန် ခန့်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒလတံတားစီမံကိန်းတာဝန်ခံ ဦးကျော်ကောင်းချိုက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၆ ရက်တွင် ပြောသည်။“၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ တံတားကြီးကို  ပြီးစီးအောင်ဆောက်လုပ်ဖို့ ဆောင်ရွက်နေပါတယ်။ တံတားစီမံကိန်းကို ဆောင်ရွက်တဲ့အခါ နည်းပညာ ပိုင်းဆိုင်ရာ မှာ နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း Quality Control အဆင့်မီအောင်ဆောင်ရွက်နေပါတယ်။’’ ဟု ၄င်းကဆိုသည်။

အဆိုပါတံတားကို ၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်မှ ၁၈ ရက်အထိ ရန်ကုန်ဘက်ချဉ်းကပ်တံတားရက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ရန်ကုန်ဘက်၊ ကမ်းနားဘက်ခြမ်းတွင် ဆင်ခြေလျှောတံတား ဘိုးပိုင်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

အဆိုပါရန်ကုန်- ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်း သွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ် ကြောင်း ၊ရန်ကုန်-ဒလ မြစ်ကူးတံတားသည် မြန်မာနိုင်ငံရှိ အရှည်ဆုံးတံတားများထဲတွင်တစ်စင်းအပါအဝင်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

“တံတားကြီးပြီးခဲ့ရင် ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ ဝင်ပေါက်၊ ထွက်ပေါက်တစ်ခုဖြစ်သွားမယ်။ နောက်တစ်ခုက ရန်ကုန်မြစ်ကိုခြားနေတဲ့ဒလဘက်ခြမ်းနဲ့ ရန်ကုန်ဘက်အခြမ်းက တဆက်တည်းဖြစ်သွားမယ်။ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေအခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်သွားမယ်လို့ထင်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.