ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့တွင် ချင်းတွင်းမြစ်ရေသည် လက်ရှိတွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိခဲ့ပြီး၊ ယင်း စိုးရိမ်ရေမှတ်အား ဆက်လက်ကျော်လွန်နိုင်ကြောင်း ၊ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တွင် နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်ထိ ရောက်ရှိနိုင်ကြောင်း နှင့် ဧရာဝတီမြစ်ရေ သည်စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင်...
ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဗိုလ်မှူးကြီးဝင်းတင့်အား အစားထိုးပြောင်းလဲခန့်အပ်တာဝန်ပေးရန် ယနေ့ ဇူလိုင် ၂၂ ရက်တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀)ပထမနေ့တွင် ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ် မရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို COVID-19 ကာကွယ်ရေး အစီအမံများနှင့် အတူ ယနေ့ ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုနောက်ဆုံးပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းသည် ဂျော်ဒန်လက်ရွေးစင်အသင်းနှင့် နိုဝင်ဘာလ တွင် ရန်ကုန်မြို့ ၌ ခြေစမ်းပွဲကစားရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။
နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မိဘမဲ့ နှင့် စွန့်ပစ်ခံ ရင်ခွင်မဲ့ ကလေးငယ်များအတွက် စနစ်တကျ ပြုစု စောင့်ရှောက်ရေး၊ ကလေး သူငယ်များ ပညာ သင်ကြားမှုနှင့် ဘ၀ ရပ်တည်ရေးတို့အတွက် ကလေးသူငယ် ပြုစု စောင့်ရှောက် ရေး ဂေဟာများကို တိုးချဲ ့...
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ကမ်းနားလမ်း မြို့ပတ်လမ်းရှိ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ရေဘေးသင့်သူ ၆,၀၀၀ကျော်အား နေရာ(၁၄)နေရာ၌ ယာယီပြောင်းရွှေ့ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ဂလိုဏ်ပေါက်ဖြစ်ပြီး ဧရာဝတီ မြစ်ရေ စီးဆင်းဝင်ရောက်လာသော ရပ်ကွက်များမှ ပြည်သးများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်း ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်မြေပြိုကျခဲ့သည့်နေရာ၌ ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက လက်ရှိ နိုင်ငံတကာအခြေအနေ၌ အမေရိကန်မှ ဆောင်းပါးဖော်ပြ၍ တရုတ်နိုင်ငံကို ယခုကဲ့သို့ အမည်ဖျက်ရန် လုပ်ဆောင်မှုသည် တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲနေရာ ၎င်းနောက်ကွယ်မှ အကြောင်းရင်းကို လေးလေးနက်နက်စဉ်းစားသင့်ကြောင်း၊ ယင်းသည် အရှိန်အဟုန်မြင့်တိုးတက်နေသည့် တရုတ်-မြန်မာဆက်ဆံရေးအပေါ်ထားရှိသော အမေရိကန်၏ “မစားရသည့်အမဲ သဲနှင့်ပက်”...
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။