ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး၌ မေ ၂၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ၁၂ ဘီးယာဉ်တစ်စီးပေါ်မှ ICE ၁,၆၁၅ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ မေ ၂၅ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ ပင်လယ်နှင့် နီးပြီး အနိမ့်ပိုင်းရှိ ရပ်ကွက် ကျေးရွာများတွင် ဒေသခံပြည်သူများ မုန်တိုင်း ရန်မှ ရှောင်တိမ်း ခိုလှုံနိုင်ရန် Cyclone Shelter ၅၇ လုံးကို တည်ဆောက်ပေးထား ကြောင်းနှင့် လိုအပ်သော နေရာများတွင် လာမည့် ဘဏ္ဍာနှစ်၌ ဆက်လက်...
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) COVID-19 ရောဂါကြောင့် ခေတ္တပိတ်ထားရသည့် ဆင်စခန်းများ တွင် အလှူရှင်များလှူဒါန်းလိုပါက ဆင်စခန်းပိတ်ထားသော်လည်းလှူဒါန်းနိုင်ကြောင်း၊ သယံဇာတ နှင့် သဘဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇော်က ဆင်ဟွာကို မေ ၂၃ ရက်တွင်ပြောသည်။
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ ခြောက်ခုမြောက် ကမ္ဘာ့အဆင့်အရေးပါသော “ရမ်ဆာ” ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းနှင့် မေယုမြစ်ဝကို သတ်မှတ်ခြင်းခံခဲ့ရသဖြင့် နိုင်ငံအတွက် ဂုဏ်ယူမိကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ်မှစတင်ပြီး အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်းဒေသကြီး တရားရုံးက ယနေ့ မေ ၂၂ ရက်၌ အမှု(၄)မှုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ တရားရေးဦးစီးမှူး...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို နည်းပြအပြောင်းအလဲပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို မေ ၂၂ ရက် တွင်ပြောသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်ပေါင်း ၅၃ ကွက်နှင့် ကမ်းလွန်လုပ်ကွက်ပေါင်း ၅၁ ကွက်၊ စုစုပေါင်း ၁၀၄ ကွက်ရှိဖြင့် ရေနံရှာဖွေရေး ကိုဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဆင်ဟွာကို မေ ၂၂...
နေပြည်တော်၊ မေလ ၂၁ ရက်(ဆင်ဟွာ) အခြေခံပညာကျောင်းများအား ဇူလိုင်လလယ်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟု ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း (ပညာ)က ယနေ့ ညနေပိုင်း ပြုလုပ်သော အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ မီဒီယာ၏ အမေးကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နေပြည်တော်၊ မေ ၂၁ ရက် (ဆင်ဟွာ) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များအပေါ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အကြံပြု တင်ပြချက်နှင့် ပြည်ထောင်စု လွှတ်တော်၏ သဘောထားများအရ ခေတ္တ ဆိုင်းငံ့ထားရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ကြေညာခဲ့သည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာအနီးဒေါလော်ခူတောင်အဆင်းတွင် မေ ၂၀ရက် ည ၆နာရီ ၃၀ မိနစ်ခန့်က ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီမော့ဆိုမြို့ နယ်ရဲစခန်းထံမှ သိရသည်။