ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတော်သို့ အခွန်ပေးဆောင်ကြသော ကုမ္ပဏီများ၏ အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် ငွေသား/ချက်လက်မှတ်ဖြင့်ပေးသွင်းနေမှုအစား အီလက်ထရောနစ်ငွေပေးချေမှု စနစ်များဖြင့် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကဆင်ဟွာကို ဇူလိုင် ၁၈ ရက်တွင် ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဝါးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးဇော်မိုးကို တရားမဝင်ကျွန်းသစ်များသယ်ဆောင်သူများထံမှ ငွေကျပ်၂၄၅သိန်း လာဘ်ယူသောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ဘော်ဒါဆောင်ရှိသော ကိုယ်ပိုင်ကျောင်းများ၊ ဘော်ဒါနှင့် ချိတ်ဆက်ထားသော ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ၊ ကျောင်းများ မပါဝင်ကြောင်း၊ ဖွင့်ခွင့် မရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်...
နေပြည်တော်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) အမျိုးသား အဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှု ယန္တရား (NCM:_ National Complaints Mechanism) ထူထောင်ဆဲ ကြားကာလတွင် တိုင်ကြားသည့် အမှုပေါင်း ၃၇၈ မှု အနက် ၂၁၇ မှုတို့ ကို ဖြေရှင်း ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊...
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၅,၃၅၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ဇူလိုင် ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) မိုးရာသီ၌ အဖြစ်အများဆုံး သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသူ ၂၈၆၀ ဦးကျော်ရှိပြီး သေဆုံးသူ ၂၀ ဦးထိရှိလာသဖြင့် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုအန္တရာယ်သတိပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန်ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင် ၁၆ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျောင်းကားများအားလုံးအဝါရောင်ဖြစ်ရန်ဦးတည်ချက် ဖြင့် ပုဂ္ဂလိကကျောင်းပိုင်ရှင်များမှ ထောက်ခံပါက ရန်ကုန်လိုင်စင်ဖြင့် ကျောင်းကားတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ယနေ့ ဇူလိုင် ၁၆ ရက်တွင်ပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် အခွန်ကောက်ခံ ရရှိငွေမှာ ကျပ် ဘီလီယံ ၄, ၀၆၈ ဒသမ ၂၂၄ ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ...
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) COVID- 19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း ယာယီပိတ်ထားသည့် ရွှေတိဂုံစေတီတော်အား ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ အနေဖြင့် စီမံချက်ရေးဆွဲကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့တင်ပြရန် ညွှန်ကြားထားကြောင်းသာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ယနေ့ ဇူလိုင် ၁၅...