ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အာရှဒေသမြို့ကြီးများတွင် မြန်မာနိုင်ငံရှိ နေပြည်တော် နှင့် ရန်ကုန်မြို့ သည် အပူချိန် အမြင့်မားဆုံးမြို့ကြီးများအဖြစ် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလအတွင်း လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဧပြီ ၁ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၃၀ရက် နံနက်ပိုင်းက ဆွဲမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ) အနာဂတ်တွင် ဒေသတွင်း ၊ ကမ္ဘာ့နိုင်ငံ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်စေရန် အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မတ် ၂၇ ရက်တွင်...
နေပြည်တော်၊ မတ် ၂၆ ရက်(ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ရန်ကုန်၊ အင်းစိန်-ရွာမ ဓာတ်အားပေး စက်ရုံတွင် Combined Cycle Gas Turbine အသစ် တည်ဆောက်ခြင်းနှင့် ဓာတ်အား ပို့ လွှတ်မှု စနစ်အတွင်းရှိ ပင်မ ဓာတ်အားခွဲရုံများ၏ တပ်ဆင်အင်အား တိုးခြင်း၊ အဆင့်မြှင့်တင်ခြင်း...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးတင့်နိုင်အား နိုင်ငံတော်သမ္မတက မတ် ၂၅ ရက်နေ့စွဲဖြင့် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) နေပြည်တော်ရှိ ရုံးဌာနအသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း သွားလာရေး အဆင်ပြေစေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်-ရန်ကုန် ခရီးစဉ်တစ်ခုကို မော်တော်ယာဉ်ကြီး များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း...
ရန်ကုန်၊မတ် ၂၅ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်အောင်သူကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက်ကြောင်းယနေ့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ် ၊ ပြင်ဦးလွင် – မန္တလေး အဆင်းကားလမ်း ၊ မိုင်တိုင်အမှတ် (၁၉/၄) နှင့် (၁၉/၃) အကြားတွင် ယနေ့နံနက် (၁၁)နာရီဝန်းကျင်အချိန်က ယာဉ်နှစ်စီးတိုက်ပြီး ချောက်အတွင်း ထိုးကျမှုကြောင့် လူ ၄...
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၌ သစ်များတင်ဆောင်လာသည့် ယာဉ်တစ်စီးသည် မတ် ၂၃ ရက်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါရှိသူ သုံးဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။