ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ကန်တော်ကြီး အတွင်းရှိ နိုင်ငံတကာ အဆင့်မီ ငါးပြတိုက် ဆောက်လုပ် ပြီးစီးမှု များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက်တွင်...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး အဆင့်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ၂၆ ရက်အထိ တွံတေးမြို့မဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စပါးဝယ်ယူနိုင်ရေးအတွက် ကျပ် ၁၃ ဘီလီယံ လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးပလိပ်အင်းရေတိမ်ဒေသ၌ ယခုနှစ်တွင် ရေဝင်နည်း ပါးသဖြင့် နှစ်စဉ်လာရောက် ကျက် စားလေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှု ပုံစံပြောင်းလဲလာကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေး အသင်းမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် (၆) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိပြီး မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အသင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်အထိ ရွှေ ၁ ခု၊ ငွေ ၅ ခု...
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အရိုးအထူးကုဆေးရုံကြီး(ခုတင်-၅၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် နှင့် ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ မိုင်းဆတ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၉ ဧကခန့် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော်-၂၀၁၉(Singapore International Film Festival 2019)တွင် မြန်မာ နိုင်ငံမှ လူငယ်ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းသည် လူနာ (The Sick)ဇာတ်လမ်းတိုဖြင့် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ကျူးကျော်များနေထိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း နေအိမ် ငါးသောင်း ခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေးသည် ယနေ့ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး မစတင်မီ လွှတ်တော် နားရက် များအတွင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအတွက် ကြိုတင် စီမံပြီး...