Connect with us

Politics, Law & Military

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကြေညာထားမှု ၇ရက် ထပ်မံတိုးမြှင့်

မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုနေသူအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကြေညာထားမှုအား ၇ ရက် ထပ်မံတိုးမြှင့်လိုက်ကြောင်း ယနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းကိုပိုမိုတိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရန်နှင့် မဲဆန္ဒရှင်များ၏ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အချိန်ပို ရရှိစေရေး ရည်ရွယ်၍ သြဂုတ် ၈ ရက်မှ ၁၄ ရက်အထိ ၇ ရက်ထပ်မံတိုးမြှင့်၍ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာများအတွင်း မဲဆန္ဒရှင်စာရင်းကြေညာထားမှုအား ရက်ထပ်မံတိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။

မဲစာရင်းတွင် အမည်စာရင်း မပါဝင်ပါက ပုံစံ(၃)နှင့် လျှောက်ထားခြင်း၊ အမည် ပယ်ဖျက်ပေးရန် ပုံစံ(၄)နှင့် တောင်းဆိုခြင်း၊ မဲစာရင်းတွင် အချက်အလက် မှားနေလျှင် ပုံစံ(၄-ဂ) ဖြင့်တောင်းဆိုခြင်း၊ ရက်ပေါင်း (၉၀ )နေထိုင်ပြီးသူ ဖြစ်ပြီး မဲစာရင်း ထည့်သွင်းလိုလျင် ပုံစံ(၃-က)ဖြင့် တောင်းဆိုခြင်းများအား သြဂုတ် ၁၄ ရက်ထိ တိုးမြှင့်ဆောင်ရွက်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.