ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ မင်းရာဇာ ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်မှ တန်ဖိုး ငွေကျပ် သိန်းပေါင်း ၅၅၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် တစ်နိုင်ငံလုံးရှိ ဆည်များ၊ ရေလှောင် တမံများအပါအဝင် အခြေခံအဆောက်အအုံများ ခိုင်ခံ့ရေးအတွက် စနစ်တကျ စစ်ဆေးမှု လိုသောကြောင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အထူးဂရုပြု ဆောင် ရွက်ကြရန် အမျိုးသား သဘာဝ...
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) အမြန်လမ်းမကြီး တစ်လျောက် ယခု အောက်တိုဘာ ၂၇ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၅ ဦး ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်သော အချက်အလက် အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီခွဲအချိန်က ကျောက်မီးသွေးမိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ဒီတိုနေတာ (စနက်တံ) ၁၄,၅၀၀ ချောင်းအား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) နည်းပြချုပ် ဦးစိုးမြတ်မင်း တာဝန်ယူကိုင်တွယ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ ဘောလုံးအသင်းသည် လာမယ့် နိုဝင်ဘာ ၆ ရက်နေ့ကစပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် အာရှ ယူ၁၉ ခြေစစ်ပွဲတွေကို စတင်ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ဖယ်ခုံ မြို့နယ် နှင့် ပင်လောင်း မြို့နယ်များ အတွင်း စိုက်ပျိုးထားသော ဘိန်းစိုက်ခင်း ၄၉ ဧကခန့် အား ဌာနဆိုင်ရာနှင့် ကျေးရွာနေ ပြည်သူများပါဝင်သောပူးပေါင်းအဖွဲ့က ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ...
နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မိုင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာရသူများအား တစ်ဦးးလျှင် ငွေကျပ် နှစ်သိန်း ထောက်ပံ့ခဲ့ရာ ၂၀၁၇ – ၁၈ ဘဏ္ဍနှစ်မှ ယနေ ့အထိ ဒဏ်ရာရပြည်သူ ၅၃၅ ဦးအတွက် ငွေကျပ် ၁၀၇၀ သိန်း ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော သီရိလင်္ကာတောင်ပိုင်းကမ်းခြေ အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ ထို့အပြင် ဗီယက်နမ်ကမ်းခြေအရှေ့ဘက်လောက်မှာ မုန်တိုင်းတစ်ခု ဖြစ်နေပြီး အဆိုပါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ တောင်ဘက်တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။