Connect with us

Science & Technology

မြန်မာနိုင်ငံ တွင် ရေနံလုပ်ကွက်ပေါင်း ၁၀၄ ကွက်ဖြင့်ရေနံရှာဖွေရေးဆောင်ရွက်လျက်ရှိ 

ရေနံရှာဖွေရေးလုပ်ကွက်တစ်ခု အားတွေ့ရစဉ်(ဓာတ်ပုံ-- လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင်  ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်ပေါင်း ၅၃ ကွက်နှင့် ကမ်းလွန်လုပ်ကွက်ပေါင်း ၅၁ ကွက်၊ စုစုပေါင်း ၁၀၄ ကွက်ရှိဖြင့် ရေနံရှာဖွေရေး ကိုဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဆင်ဟွာကို မေ ၂၂ ရက်တွင် ပြောသည်။

ဦးဌေးအောင်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ ကုန်းတွင်းပိုင်းမှာ ၂၅ ကွက်နဲ့ ကမ်းလွန်ပိုင်းမှာ ၃၁ ကွက်ရှိပါတယ်။ စာချုပ် ချုပ်ဆိုထားတဲ့ ကုမ္ပဏီတွေက သူတို့လုပ်ကိုင်ခွင့်ရတဲ့ လုပ်ကွက် တွေအလိုက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို စူးစမ်း ရှာဖွေကြရာ မှာ ရလဒ်ကောင်းတွေ ရှိပါတယ်။’’ ဟုပြောသည်။

၂၀၁၆ – ၂၀၁၇ ခုနှစ်တွင် AD – 7 လုပ်ကွက်ထဲတွင် နိုင်ငံခြားကုမ္ပဏီများဖြစ်သော   POSCO နှင့် Woodside ကုမ္ပဏီတို့မှ  moro cozmoel: 0950 ဓာတ်ငွေ့ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊၂၀၁၇ – ၂၀၁၈ ခုနှစ်မှာ A – 6 လုပ်ကွက်မှ  နိုင်ငံခြားကုမ္ပဏီများဖြစ်သည့် Woodside နှင့် Total ကုမ္ပဏီ ၂ ခုနှင့်  မြန်မာကုမ္ပဏီဖြစ် သည့် MPRL ကုမ္ပဏီတို့ ပူးပေါင်း၍  သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊၂၀၁၈ – ၂၀၁၉ ခုနှစ်တွင်  A- 6လုပ်ကွက်တွင်  Woodside၊ Total နှင့် MPRL ကုမ္ပဏီများကပဲ သဘာဝဓာတ်ငွေ့တွေ ရှာဖွေတွေ့ရှိခဲ့ကြောင်း နှင့်  ၂၀၁၉ -၂၀၂၀ ပြည့်နှစ်တွင်လည်း A-3 လုပ်ကွက်တွင် POSCO ကုမ္ပဏီမှ  သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ 

“အဲဒီလို ဆောင်ရွက်နိုင်ခဲ့သလိုမျိုးပဲ မူလကတွေ့ရှိပြီး စီးပွားဖြစ်ထုတ်လုပ်နေတဲ့ ရဲတံခွန် လုပ်ကွက်တွေ၊ Gold Patrol နဲ့ ကုန်းတွင်းပိုင်းမှာ ရှာဖွေတာ၊ MPRL နဲ့ ကုန်းတွင်းပိုင်းမှာ ရှာဖွေထုတ်လုပ်မှုတွေကို နှစ်စဉ်တိုးတက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို တိုးတက်ခဲ့တဲ့အတွက် တစ်နှစ်ကို ရေနံစည်(အမေရိကန်စည်) သန်းပေါင်း ၄ သန်းကျော် စဉ်ဆက်မပြတ် ထုတ်လုပ် နိုင်ခဲ့ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယခုကာလအတွင်း ပြည်ပသို့ ရေနံစိမ်းသင်္ဘောများ ကို အစင်းရေတိုးတက်ပြီး တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၇ – ၂၀၁၈ ခုနှစ်တွင် သင်္ဘောအစင်းရေ ၃၅ စင်းခန့်တင်ပို့နိုင်ခဲ့ပြီး ၂၀၁၉ – ၂၀၂၀ ပြည့်နှစ်မှာ ၄၃ စင်းခန့် တင်ပို့နိုင်ရန် လျာထားကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117