Connect with us

Sport

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြအပြောင်းအလဲပြုလုပ်ရန်စီစဉ်လျက်ရှိ

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF Futsal)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို နည်းပြအပြောင်းအလဲပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို မေ ၂၂ ရက် တွင်ပြောသည်။

ဦးကိုကိုသိန်းက “နိုင်ငံခြားသား နည်းပြအသစ်ကို ရွေးချယ်မှာပါ။ ဘယ်သူ့ကို ရွေးချယ်ဖြစ်တယ် ဆိုတာကို ကျွန်တော် တို့ သတင်းထုတ်ပြန်ပေးသွားမှာပါ။ ’’ ဟုပြောသည်။

 မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယခုနှစ်အတွင်း အာဆီယံဖူဆယ် ပြိုင်ပွဲတစ်ခုသာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီ ခန့်အပ်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ ဖူဆယ်အသင်း  နည်းပြချုပ်အဖြစ်  ၂၀၁၆  ခုနှစ်နောက်ပိုင်း  ဦးဌေးမြင့်က ဆောင်ရွက်ခဲ့ပြီး  ၎င်းကိုင်တွယ်ခဲ့သည့်ကာလတွင်  အာဆီယံဖူဆယ်ပြိုင်ပွဲ၌ ပထမဆုံး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သလို ဒုတိယဆုတစ်ကြိမ်၊ တတိယဆု တစ်ကြိမ် ရယူပေးနိုင်ခဲ့သည်။

 မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၀၆ ခုနှစ်မှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုတစ်ကြိမ်၊ တတိယဆုနှစ်ကြိမ်ဆုများ ရရှိခဲ့ကြောင်း သိရသည်။  (Xinhua)