Connect with us

Education & Health

အခြေခံ ပညာ ကျောင်းများ ဇူလိုင်လလယ်တွင် ပြန်လည် ဖွင့်လှစ်မည်ဟု ဆို 

မူလတန်းကျောင်း တစ်ကျောင်းတွင် ကလေးငယ်များ စာသင်ကြားနေသည်ကိုတွေ့ရစဥ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၂၁ ရက်(ဆင်ဟွာ)

အခြေခံပညာကျောင်းများအား ဇူလိုင်လလယ်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟု ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း (ပညာ)က ယနေ့ ညနေပိုင်း ပြုလုပ်သော အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ မီဒီယာ၏ အမေးကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ရေးမှာ လွတ်လပ်စွာ သဘောကွဲလွဲမှုတွေ ရှိနေပါတယ်၊ တစ်ဘက်က COVID-19 အပေါ် စိုးရိမ်ကြသလို တစ်ဘက်က လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ ပညာသင်ယူမှု အခွင့်အရေး မဆုံးရှုံးရအောင် လုပ်ရမှာပါ၊ ဒီတော့ formal schooling ကို ဘယ်လို သွားမလဲ၊ informal schooling ဘယ်လိုသွားမလဲ စဉ်းစားပြီး ဆောင်ရွက်ပါမယ်၊ ကျွန်တော်တို့ နိုင်ငံရဲ့ ကလေးတွေ ပညာသင်ယူမှု မဆုံးရှုံးအောင် တစ်နည်းမဟုတ် တစ်နည်းတော့ ဆောင်ရွက် ရမှာပါ၊ အဲဒီမှာ မိဘတွေရဲ့ ပူးပေါင်းကူညီမှုကလည်း အများကြီး လိုအပ်ပါတယ်” ဟု ဖြေကြားခဲ့ သည်။

ထိုသို့ ဖွင့်လှစ်နိုင်ရေးအတွက် အခြေခံပညာ ကျောင်းများတွင် COVID-19 preventive measure များကို စတင်ဆောင်ရွက်လျက်ရှိပြီး ပညာရေး ဝန်ကြီးဌာနသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ပူးပေါင်းပြီး ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများကလည်း မိမိတို့ သားသမီးများအား COVID-19 ကာကွယ်ရေးဆိုင်ရာ သိထားသင့်သည်များကို အိမ်တွင် ကြိုတင် သင်ကြားပေးထားစေလိုကြောင်းလည်း ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ပညာ)က ပြောခဲ့သည်။

ယခုစာသင်နှစ်အတွက် သင်ရိုးသစ်များဖြစ်သည့် Grade 4, Grade 7 နှင့် Grade 10 တို့ကို စတင်သင်ကြားမည့် တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်များမှ ဆရာ ဆရာမများအား နွေရာသီ၌ သင်ရိုးသစ်သင်တန်း ပို့ချပေးရမည် ဖြစ်သော်လည်း COVID-19 ကြောင့် မပို့ချနိုင်ခဲ့ခြင်းအတွက် ပညာရေး ဝန်ကြီးဌာန အနေဖြင့်  အဆိုပါ သင်ရိုးသစ်များ၏ ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ သင်ကြားရေး အထောက်အကူ ပစ္စည်းများကို ဆရာ ဆရာမများသာမက လေ့လာလိုသူများပါ အလွယ်တကူ လေ့လာနိုင်စေရန် ဝန်ကြီးဌာန၏ MDEP (Myanmar Education Platform) သို့ http://mdep.moe.edu.mm ဖြင့် ဝင်ရောက် လေ့လာနိုင်ကြောင်း ယနေ့ ညနေပိုင်း၌ ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။ 

Grade 4, Grade 7 နှင့် Grade 10 သင်ရိုးသစ်များအတွက် ဗဟိုအဆင့် သင်ရိုးသစ် သင်တန်း များ၏ ဗီဒီယိုမှတ်တမ်းများနှင့် ဆရာလမ်းညွှန်များအား အခြေခံသော သင်ကြားရေး ဗီဒီယိုများကို ကိုယ်တိုင် သင်ကြား သင်ယူမှု အထောက်အကူပြု သင်ခန်းစာများ အဖြစ် ပြန်လည် စိစစ် တည်းဖြတ်ပြီး MDEP (Myanmar Education Platform) ၏ http://mdep.moe.edu.mm တွင် ဆရာ ဆရာမများ ကိုယ်တိုင်သင်ယူနိုင်စေရန် လွှင့်တင်ပေး ထားမည် ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်လိုသော ဆရာ ဆရာမများအတွက် Social media များနှင့် MDEP (Myanmar Education Platform) သို့ http://mdep.moe.edu.mm ကို ချိတ်ဆက်ကာ သင်ယူ နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အင်တာနက် မရရှိသည့် ဝေးလံခေါင်းဖျားဒေသများရှိ ဆရာ ဆရာမများအတွက် လက်လှမ်းမီ လေ့လာနိုင်ရန် အင်တာနက်ဒေတာ အသုံးပြုဖို့ မလိုသည့် DBE Box (Local Content Server with WiFi Hotspot) များ တပ်ဆင်ပြီး မိုဘိုင်းဖုန်း၊ tablet, laptop, computer များနှင့် ချိတ်ဆက် သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ ကျောင်းသုံး ဖတ်စာအုပ်နှင့် ဆရာကိုင် လက်စွဲစာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများ ကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ အရောက်ဖြန့်ဖြူးပေးပြီး ဝေးလံသော ဒေသများအတွက် DVDs နှင့် Memory sticks (DBE sticks) ပေးပို့ခြင်းတို့အား သင်ကြား သင်ယူမှု အစီအစဉ်များ မစတင်မီ ကြိုတင် ရောက်ရှိစေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များတွင်လည်း Video နှင့် live lectures ပို့ချနိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ် စီစဉ်သွားမည် ဖြစ်ကြောင်း စသည့် ပညာရေး ဝန်ကြီးဌာန ၏ သင်ရိုးသစ် သင်တန်းများ ပို့ချမည့် အစီအစဉ်များကို ဒေါက်တာတင်မောင်ဝင်းက ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117