ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် သြဂုတ် ၇ရက်အထိ သေဆုံးသူ ၉၀ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် တွင် ငွေကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဗဟိုကော်မတီက ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေး အားလုံးအတွက် နိုင်ငံတော်က လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံပိုင် Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တုအား အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ဆင်ဟွာသို့ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် အနှံ့အပြားတွင် ဇူလိုင်လ အတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊မှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာကိုပြောကြားခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ၂၀၁၈ – ၁၉ ပြည်ထောာင်စု၏ အခွန်အကောက်ဥပဒေအရ ကောက်ခံရရှိရန် မူလ ခန့်မှန်းခြေ လျာထားချက် ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလီယံအနက် ပထမ ခြောက်လပတ် လျာထားချက်သည် ကျပ် ၃၈၇၈ ဒသမ ၅၈၃ ဘီလီယံဖြစ်ပြီး...
နေပြည်တော်၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားကို ပြင်ဆင် လျှော့ချလိုက်သည့် ၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင် ဝင်းက တင်သွင်းခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အာဆီယံ နိုင်ငံများမှ နိုင်ငံအလိုက် အစားအစာများ ပါဝင် ပြသသွားမည့် အာဆီယံ အစားအစာ ပွဲတော် ၂၀၁၉ အား မြန်မာနိုင်ငံ ၊ မန္တလေးမြို့ရှိ Mandalay Convention Centre (MCC) တွင် သြဂုတ် ၁၇...
ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။