Connect with us

Politics, Law & Military

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်း တရားမဝင်သစ် ၂၉၈ လုံးဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားမဝင်သစ်များအား တွေ့ရစဉ်(ဓာတ်ပုံ- Forest Department)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ဒီဇင်ဘာလ  ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်အထိ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ် ၂၉၈ လုံး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်သော သတင်းအရသိရသည်။

သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်း ခပေါင်ကြိုးဝိုင်းအကွက် အမှတ်(၁၂၉၊ ၁၃၀၊ ၁၃၆၊ ၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၄၀)တို့တွင် တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ်၂၉၈ လုံး ၈၄ ဒသမ ၁၂ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ (Xinhua)