Connect with us

Politics, Law & Military

မြန်မာ့ ပင်လယ်ပြင်အတွင်း၌ ခိုးဝင်ဘင်္ဂါလီ ၁၇၃ ဦးဖမ်းဆီးရမိ

မြန်မာ့ ပင်လယ်ပြင်အတွင်း၌ ခိုးဝင်ဘင်္ဂါလီ များအားတွေ့ရစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တနင်္လာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့၊မြန်မာ့ပင်လယ်ပြင်အတွင်း၌ ခိုးဝင်ဘင်္ဂါလီ ၁၇၃ ဦးဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့ ၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့၀င်များသည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် သံကျွန်း ၏အနောက်ဘက် ရေမိုင် ၁၃၅ မိုင်ခန့် အကွာ၌ မသင်္ကာဖွယ် လှေတစ်စင်းတွေ့ရှိ သဖြင့် သွားရောက်စစ်ဆေးရာ အလျား ၆၅ ပေ၊ အနံ ၁၁ ပေ၊ ရေစူး ၈ ပေခန့် ကျော်ခိုင်တိုးအမည်ရှိ လှေပေါ်တွင် ပဲ့နင်း ဖြစ်သူ ဦးမျိုးဇော်အပါအ၀င် အဖွဲ့၀င် ခုနစ်ဦး အား တရားမ၀င် ခိုး၀င်လာသည့် ဘင်္ဂါလီ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ကလေး ၂၂ ဦး စုစုပေါင်း ၁၇၃ ဦးတို့နှင့် အတူ ဖမ်းဆီးရမိကြောင်းသိရသည်။အဆိုပါဖမ်းဆီးရမိလှေနဲ့အတူ  မြန်မာအမျိုးသား ခုနစ်ဦးနှင့် ဘင်္ဂါလီ ၁၇၃ ဦးတို့အား ကော့ သောင်းမြို့နယ်ရှိ သက်ဆိုင်ရာသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.