Connect with us

Politics, Law & Military

ကျည်ကာယာဉ်များ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်ခွန် ကင်းလွတ်ရေး လွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်(ဆင်ဟွာ)

 နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံတော် အဆင့် ဧည့်သည်တော်များ ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုရန် ၂၀၁၉ ခုနှစ်တွင် ၀ယ်ယူမည့် ကျည်ကာ မော်တော်ယာဉ်ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်ခွန်များ ကင်းလွတ်ခွင့်ပေးရေးကို ပြည်ထောင်စု လွှတ်တော် ယနေ ့ အစည်းအေ၀းက အတည်ပြုခဲ့သည်။

နိုင်ငံတော် သမ္မတက လွှတ်တော်သို ့ပေးပို ့ထားသော  Toyo ta Land Cruiser Wagon Bullet Proof မော်တော်ယာဉ် ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိရေး ကိစ္စနှင့် စပ်လျဉ်းပြီး ၂၀၁၉ ဒီဇင်ဘာ ၁၁ ၇က် နေ ့ ပြည်ထောင်စုလွှတ်တော် အစည်းအေ၀းတွင် ကယား ပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်းနှင့် မကွေး တိုင်းဒေသကြီး ချောက်မဲဆန္ဒနယ် ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကြီး တို ့က ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးအကြံ ပြုချက်များအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးမောင်မောင်၀င်းက ယနေ ့ပြန်လည် ရှင်းလင်း ဖြေကြားအပြီး လွှတ်တော်က ဆန္ဒမဲဖြင့် ဆုံးဖြတ်ခဲ့ရာ ထောက်ခံ ဆန္ဒမဲ များသဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ဒုတိယ ၀န်ကြီး ဦးမောင်မောင်၀င်းက  ရှင်းလင်း ဖြေကြားရာတွင် ဗဟို စက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဌာနရှိ ၂၀၁၃ ခုနှစ်တွင် ၀ယ်ယူထားသော မာစီဒီး Bullet proof မော်တော်ယာဉ်များသည် နိုင်ငံတော် အဆင့် အစည်းအေ၀းများ၊ အခမ်းအနားများတွင် နိုင်ငံတော် အကြီးအကဲများ အသုံးပြုရန် နှင့် နိုင်ငံတော် အဆင့် ဧည့်သည်တော်များ အသုံးပြုရန်အတွက် အဆောင်အယောင် ယာဉ်များအဖြစ် အသုံးပြုလျက်ရှိပြီး ခရီးသွား ယာဉ်အဖြစ် အသုံး မပြုသင့်သော ယာဉ်များ ဖြစ်ကြောင်း၊ ယခု၀ယ်ယူ မည့် Toyota Land Cruiser Wagon Bullet Proof ခြောက်စီးသည် ခရီးသွားယာဉ်များ အဖြစ် အသုံးပြုမည့် ယာဉ်များ ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများ၏ ပြည်တွင်း ခရီးစဉ်များ၊ နိုင်ငံတော် အဆင့် ဧည့်သည်တော်များ လာရောက်သည့် ခရီးစဉ်များတွင် ယာဉ်စီးရေ လုံလောက်စွာ စီစဉ်ပေး နိုင်ရန်နှင့် လိုအပ်သည့် အခါ အချိန်နှင့် တစ်ပြေးညီ အစားထိုး လဲလှယ် အသုံးပြုနိုင်ရန်အတွက် အရန် ယာဉ်အဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသကဲ့သို ့ ဒုတိယ သမ္မတများ ကို ထုတ်ပေးထားမည် မဟုတ်ဘဲ နိုင်ငံတော် အကြီးအကဲများ၊ ပြည်ပ နိုင်ငံ များမှ လာရောက်သည့် နိုင်ငံ့ အကြီးအကဲ များ၏ ပြည်တွင်း ခရီးစဉ်များအတွက် အသုံးပြုရန် လိုအပ်သည့် အခါမျိုးတွင် သုံးစွဲ မည့် ယာဉ်များ ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့်် ဌာနတွင်သာ ထိန်းသိမ်းထားရှိမည့် နိုင်ငံတော် ဧည့်ယာဉ်များ ဖြစ်ကြောင်း၊ ၎င်းယာဉ်များကို မိမိတို ့ အစိုးရလက်ထက် နိုင်ငံတော် အကြီးအကဲများ အတွက် သုံးစွဲနိုင်မည့် အပြင် နောင် တက်လာ မည့် ရွေးချယ် တင်မြှောက်ခံရသည့် နိုင်ငံတော် အကြီးအကဲများအတွက်လည်း သုံးစွဲနိုင်မည့် ယာဉ်များ ဖြစ်ပါကြောင်း၊ ဂျာမနီနိုင်ငံထုတ် မာစီဒီး bullet proof  ယာဉ်များ ၀ယ်ယူသင့်ကြောင်း ဆွေးနွေး ချက်အပေါ်  မော်တော်ယာဉ်များ ၀ယ်ယူရေး ဆောင်ရွက်ခဲ့စဉ် အဆိုပါ bullet proof ယာဉ်အမျိုးမျိုး အား ဈေးနှုန်း၊ ၀ယ်ယူရရှိနိုင်သည့် အချိန် ကာလ စသည်တို ့ကို လေ့လာခဲ့ရာ အခွန်အခ မပါ ဂျာမနီ မာစီဒီး bullet proof ယာဉ်တစ်စီး လျှင် အမေရိကန်ဒေါ်လာ  ၂၇၄၅၀၀ ခန် ့ကျသင့်ပြီး Toyata Land Cruiser Wagon Bullet Proof တစ်စီးလျှင် ကန်ဒေါ်လာ ၁၂၂၆၅၃ ခန် ့သာ ကျသင့်မှာ ဖြစ်သော ကြောင့် ဈေးနှုန်းက နှစ်ဆကျော် ကွာခြားကြောင်း၊ ထို ့အပြင် မာစီဒီးယာဉ်များ၏ အပိုပစ္စည်းများ သည် မှာကြားရာတွင် ခက်ခဲပြီး ဈေးနှုန်း ကြီးမြင့်ကြောင်း၊ သို ့ဖြစ်၍ နိုင်ငံတော် ဘဏ္ဍာ တတ်နိုင်သမျှ ချွေတာနိုင်ရန် Toyota Land Cruiser Wagon Bullet Proof ကို ေ၇ွးချယ်၀ယ်ယူရခြင်း ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားခဲ့သည်။

ထို ့နောက် ဆက်လက်ပြီး ခြောက်မဲဆန္ဒနယ် ပြည်သူ ့ လွှတ်တော် ကိုယ်စားလှယ် ဦးကိုကြီး၏ အခွန် နှစ်မျိုး ကင်းလွတ်ခွင့်မှ ပြန်လည်ရရှိမည့် သက်သာသွားသော ကန်ဒေါ်လာ ၄ ဒသမ ၂၃၁၅ သိန်းနှင့် ပတ်သက်ပြီး ဖြေကြားခဲ့ကာ အဆိုပါ ကျည်ကာယာဉ် ခြောက်စီးအတွက် အခွန်များ ကင်းလွတ် ခွင့် ပြုနိုင်ရေးကို လွှတ်တော်သို ့ အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကဆန္ဒမဲ ရယူကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.