ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အချက်များကို ILO မျက်နှာစာမှ တဆင့် နိုင်ငံတကာသို့ ပြသမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့တွင်စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၈၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၄၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ် ၅ ရက်(ဆင်ဟွာ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာတွင် ပုဒ်မ တစ်ခုတည်း သီးခြား ပြင်ဆင်ခြင်း မပြုလုပ် သင့်ကြောင်း ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီက ယနေ့...
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ရွှေ့ပြောင်းအလုပ်သမားများ မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် နေ့စဉ်ဝင်ရောက်မှုများ ရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ကလေး- ရန်ကုန် ပြေးဆွဲနေသော High Class ခရီးသည်တင်ယာဉ် သည် ယနေ့ (မတ်လ၅ ရက်) နံနက်၆ နာရီအချိန်ခန့်က နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးပေါ်တွင် တိမ်းမှောက်ပြီး လူ ၈ဦးသေဆုံးကာ ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ...
နေပြည်တော်၊ မတ်လ ၄ ရက်(ဆင်ဟွာ) ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃၁,၃၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အတွင်းဖြေ ၆၈,၆၁၄ ဦး၊ အပြင်ဖြေ ၂၆,၃၂၆ ဦး၊ စုစုပေါင်း ၉၄,၉၄၀ ဦးတို့ ဝင်ရောက် ဖြေဆိုသွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ငမိုးရိပ်ချောင်းကမ်းပါး နေရာများအား အများပြည်သူ အနားယူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဘဏ္ဍာငွေလျာထား၍ အတည်ပြုချက် ရယူနိုင်ရေး စီစဉ်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူကြီးကြပ် စီမံခန့်ခွဲလျက်ရှိသည့် ပန်းခြံနှင့် အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ လုပ်ငန်းများကို ဘဏ္ဍာရေးနှစ် အလိုက် အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်လျှက် ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) စတင်ခြင်း (Strategic Plan 2019-2023 launching) အခမ်းအနားကို ရန်ကုန်မြို့ရှိ Pullman Hotel တွင် မတ်လ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။