Connect with us

Education & Health

ရာသီ တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀ ဦး ရှိပြီး ရောဂါပိုး တွေ့ရှိသူ ၄၄ ဦးရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း H1N1ရောဂါပိုးကြောင့် သေဆုံးသူရှိသဖြင့် mask ဖြင့် သွားလာနေမှုအား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီ တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထိ ရှိလာခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၄၄ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးက ဆင်ဟွာသို့ ယနေ့ပြောကြားခဲ့သည်။

ရာသီ တုပ်ကွေးရောဂါဖြင့် ရန်ကုန် တိုင်းဒေသကြီးတွင် ၉ ဦး ၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် ၁ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကာ ရောဂါပိုး စစ်ဆေးလျက် ရှိသော လူနာ ၂၁၂ ဦး နှင့် ရောဂါပိုး တွေ့ရှိသူ ၄၄ ဦး ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရာသီ တုပ်ကွေးရောဂါ ဖြစ်ပွားမှု နှင့် ပတ်သတ်၍ ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၂၀ ရက် အထိ စုစုပေါင်း လူနာ ၁၆ ဦးတွင် Influenza A (H1N1) 2009 ရောဂါပိုးဖြင့် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ဇွန် ၂၀ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၁၁၆၅ဦးအနက် ၄၅၈ ဦး တုပ်ကွေးပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄၀၆ဦးတွင် H1N1 ပိုးတွေ့ရှိရာ သေဆုံးသူ ၃၈ဦးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ဦး တုပ်ကွေးပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၃ဦးသည် H1N1 ပိုးတွေ့ရှိရာ သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) ဖြစ်ပွားမှု နှင့် ပတ်သက်၍ ပြည်သူလူထု အနေဖြင့် ရောဂါ ကြိုတင် ကာကွယ်ရေး အလေ့အကျင့်များဖြစ်သော ပါးစပ်နှင့် နှာခေါင်းကိုကာ၍ နှာချေချောင်းဆိုးခြင်း၊ နှာချေ ချောင်းဆိုး ပြီးချိန်၊ ရောဂါပိုးရှိသူအား ကိုင်တွယ်ပြီးချိန်နှင့် အများသုံး အရာဝတ္ထုပစ္စည်းများထိတွေ့ပြီးချိန်တိုင်း လက်ဆေးခြင်း၊ လူထူထပ် သော နေရာများသို့ မလိုအပ်ဘဲ သွားလာခြင်းမှရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်သွားကြရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.