Connect with us

Science & Technology

နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် ယာဉ်မောင်းလိုင်စင် စမတ်ကတ် များ ဇူလိုင် (၁) ရက်နေ့မှစ၍ ပြောင်းလဲထုတ်ပေးမည်

လက်ရှိအသုံးပြုနေသော ယာဉ်မောင်းလိုင်စင်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

နည်းပညာဆိုင်ရာ လုံခြုံမှုအဆင့်မြှင့်တင်ထားသည့် “ခ၊ “ဂ”၊ “ဃ” နှင့် “င” ယာဉ်မောင်းလိုင်စင် စမတ်ကတ်များကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် ယာဉ်မောင်းလိုင်စင် “ခ၊ “ဂ”၊ “ဃ” နှင့် “င” စမတ်ကတ်များကို ကောက်ခံသည့် နှုန်းထားအတိုင်း သတ်မှတ်ထားပြီး ယာဉ်မောင်းလိုင်စင်အသစ်ထုတ်ပေးခြင်း၊ နှစ်လဲဆောင်ရွက်ခြင်း၊ ပျက်စီးနှင့်ပျောက်ဆုံး မိတ္တူဆောင်ရွက်ခြင်း၊ နယ်ဝင်/ နယ်ထွက် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်စဉ်တွင်ဖြစ်စေ၊ လက်ရှိ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်ကတ်များကို ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်သူ၏ဆန္ဒအရ အသစ်ပြောင်းလဲ ကိုင်ဆောင်လိုကြောင်း လျှောက်ထားလာလျှင် ဖြစ်စေပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။

အဆိုပါ နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် ယာဉ်မောင်းလိုင်စင် စမတ်ကတ် ၏ စစ်မှန်မှုနှင့် စပ်လျဉ်း၍ Chip အတွင်း ထည့်သွင်းထားသည့် အချက်အလက်များအား Chip Reader အသုံးပြု၍ လည်းကောင်း၊ QR Code အတွင်း ထည့်သွင်းထားသည့် အချက်အလက် များအား QR Code Scanner အသုံးပြု၍လည်းကောင်း ကိုင်ဆောင်သူအနေဖြင့် အလွယ်တကူ စိစစ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိထုတ်ပေးလျက်ရှိသည့် ယာဉ်မောင်းလိုင်စင်စမတ်ကတ်များကို အတုပြုလုပ်လျက်ရှိရာ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်းက စမတ်ကတ်အတုပြုလုပ်သူ (၁၇)ဦးကို စမတ်ကတ်အတုပြုလုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ ယာဉ်မောင်းလိုင်စင် အတုပြုလုပ်ခြင်းများ အလွယ်တကူ မဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံတကာ အဆင့်မီ လုံခြုံမှုအစီအမံများ ပါဝင်သည့် စမတ်ကတ် ယာဉ်မောင်းလိုင်စင်များဖြစ်စေရန် ရည်ရွယ်၍ လုံခြုံမှုအဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.