Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ လူနေအိမ် ၁၆ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရ

ဧရာဝတီမြစ်ကမ်းပါးပြိုကျပြီးနောက် ပြောင်းရွှေ့ရသည့် အိမ်တစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာအုပ်စု ကျောင်းစုကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု မြင်းခြံစုကျေးရွာတို့တွင် ဇွန် ၂၈ ရက် နံနက် ၉ နာရီက ဧရာဝတီ မြစ်ကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ် ၁၆ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ ကျေးရွာများသည် ဧရာဝတီမြစ်ကမ်းတွင် တည်ရှိသည့်ကျေးရွာများဖြစ်သည့်အတွက် ဒေသခံကျေးလက်နေ ပြည်သူများအနေဖြင့် ယခုကဲ့သို့ မြစ်ကမ်းပါးပြိုကျမှုဒဏ်ကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။

ထိုနေ့နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျလာ၍ မြစ်ကမ်းပါးနှင့် နီးသည့် လူနေအိမ်များကို ဒေသခံ ကျေးရွာနေပြည်သူများနှင့် ကျေးရွာရှိ လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းပါဝင်ကူညီမှုဖြင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေ့ရသည့် လူနေအိမ် ၁၆ လုံးမှ အိမ်ထောင်စုဝင်များကို နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီ တည်းခိုနေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများက စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.