ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် လူ ၄ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျပ် သိန်း၆၀၀၀တန်ဖိုးရှိ ကတ်တမင်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မေ ၁၃ ရက်(ဆင်ဟွာ) ပြည်ထောင်စု အစိုးရ၏ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ သတင်းစာရှင်းပွဲများကို ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ ဆက်လက် ကျင်းပခဲ့သည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊မဘိမ်းမြို့နယ်တွင် သိန်း ၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့၌ ခရီးသည်တင် ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ယနေ့ (မေ ၁၂ ရက်) နံနက် ၉နာရီ ဝန်းကျင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ ခရီးသည်၊ လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိကြောင်း လေကြောင်းလိုင်းက...
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ယနေ့ (မေ ၁၂ ရက်) နံနက် ၉နာရီ ဝန်းကျင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးလေဆိပ်မှ တာဝန်ကျရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) မြန်မာ ယူ-၁၈ ဘောလုံးအသင်းသည် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ယခုလလယ်ပိုင်းတွင် စတင်ပြင်ဆင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ အကျဉ်းထောင်အတွင်း တားမြစ်ပစ္စည်းဖြစ်သည့် ဖုန်းဟန်းဆက် သွင်းယူသူများအား ရွှေဘိုမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့မ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။