Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း (၃)ခု အား ရှောင်တခင်စစ်ဆေး၊ စက်ရုံ(၃)ရုံအား ပိတ်သိမ်းအရေးယူ

သောက်ရေသန့်လုပ်ငန်းတစ်ခုအားရှောင်တခင်စစ်ဆေးစဉ် (ဓာတ်ပုံ-- အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိသော သောက်ရေသန့်လုပ်ငန်း (၃)ခု အား ရှောင်တခင်စစ်ဆေး ကာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP) နှင့် ကိုက်ညီမှု မရှိပါသောကြောင့် စက်ရုံ(၃)ရုံအား ပိတ်သိမ်းအရေးယူခဲ့ကြောင်း အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည့်သတင်းအရ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၅ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်သည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ “တောင်ဥက္ကလာပမြို့နယ်ရှှိ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်မရရှိထားသော သောက်ရေသန့်လုပ်ငန်း (၃)ခု” အား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ရာ” WYMT “အမှတ်တံဆိပ် နှင့် “RCD” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်း နှင့် ထောက်ခံချက်ရရှိပြီးသော အမှတ်တံဆိပ်မျိုးစုံကိုအသုံးပြု၍ ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းတို့မှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP) နှင့် ကိုက်ညီမှု မရှိပါသဖြင့် စက်ရုံ(၃)ရုံအား ပိတ်သိမ်းအရေးယူခဲ့ပြီး အဆိုပါလုပ်ငန်းများအား GMPနှင့်အညီ ပြန်လည်ပြု ပြင်ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့လျှောက်ထားရန်၊ ထောက်ခံချက်ရရှိထားခြင်းမရှိဘဲ ထုတ်လုပ်ရောင်းချနေမှုကြောင့် (၃)လအတွင်း လျှောက်ထားခြင်း မပြုရန်နှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးထုတ်လုပ်ရောင်းချခြင်းမပြုရန် ၊ လိုက်နာမှုမရှိပါက အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။ (Xinhua)