ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် AIR KBZ လေကြောင်းလိုင်းမှ မှာယူထားသည့် လေယာဉ်သစ်များ မေလ၆ ရက် တွင် ရောက်ရှိ ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ်အတွင်း တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဉ်းသား/သူ ၆၅၀၀ကျော်ကို ယနေ့ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် ဗီယက်နမ်နိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင် အလုပ်သဘောခရီးစဉ်သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှု အရ သိရသည်။
နေပြည်တော်၊ မေ ၆ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၉,၀၉၅ ဒသမ ၂၆၁ သန်း ခွဲေ၀ သုံးစွဲခဲ့ခြင်းအား ပြည်ထောင်စု...
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မေ ၄ရက်နှင့် ၅ရက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့(မေ ၆ ရက်)နှင့် မနက်ဖြန်(မေ ၇ ရက်)တို့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့နယ် ကျေးတောဘူတာနှင့် တောင်ငူဘူတာကြားတွင် မေ ၄ ရက်တွင် မော်တော်ယာဉ် တစ်စီးသည် တရားမဝင် သံလမ်းကူး အား ဖြတ်သန်းမောင်းနှင်စဉ် နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်ရထားက ဝင်ရောက် တိုက်မိခဲ့မှုကြောင့် ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးခဲ့ကြောင်း...
ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲမြို့၏ တောင်ဘက်မိုင်(၂၀)ခန့်အကွာ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းသည် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးမည် ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန၏...
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ် ၃၈၉၂.၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)၏အရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေ ဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့်...