Connect with us

Social

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာယူနီကုဒ် စနစ်သုံး မြန်မာစာစနစ်ကို အောက်တိုဘာ၌ စတင် ပြောင်းလဲအသုံးပြုမည်

မြန်မာယူနီကုဒ် စနစ်သုံး မြန်မာစာစနစ်နမူနာအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇွန ၁၇ ရက် (ဆင်ဟွာ)

မြန်မာယူနီကုဒ် စနစ်သုံး မြန်မာစာစနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁ရက်မှ စတင် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံတွင် ကွန်ပျူတာသုံး မြန်မာစာသုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းကျော်သည် မိုဘိုင်းဖုန်းက တစ်ဆင့် သုံးစွဲနေသည့်အတွက် ပြည်သူ တစ်ရပ်လုံး ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် တို့သည် အစိုးရဌာနများ၊ မိုဘိုင်းအော်ပရေတာများနှင့် မီဒီယာလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ ဆော့ဖ်ဝဲရေးဆွဲသူများ၊ မိုဘိုင်းဖုန်း ထုတ်လုပ်သူများ၊ အပြည်ပြည်ဆိုင်ရာ နည်းပညာကုမ္ပဏီများ၊ မြန်မာစာအဖွဲ့၊ ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်တွင် ကျင်းပပြုလုပ်သည့် e-Government ဦးဆောင် ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ယခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး မြန်မာတစ်နိုင်ငံလုံး ယူနီကုဒ်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ”အမျိုးသားစံချိန်စံညွှန်းကောင်စီ” က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ(၂၁) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၀၂၂/၂၀၁၉) နှင့် ယူနီကုဒ် စနစ်သုံး မြန်မာစာစံစနစ် Unicode Standard, ISO-10646 ကို ကွန်ပျူတာသုံး မြန်မာစာစံစနစ်အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေဖြင့် ယခင်ကတည်းက ယူနီကုဒ်စနစ်ကို လိုက်နာစေယ ကွန်ပျူတာသုံး မြန်မာစာစနစ်ကို အသုံးပြုနေခဲ့ရာက၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်ကစပြီး ပိုမိုပြည့်စုံသော ယူနီကုဒ်ဖောင့် အမျိုးအစားဖြစ်သည့် ပြည်ထောင်စုဖောင့် (Pyidaungsu Font ကို ကွန်ပျူတာသုံး မြန်မာစာစနစ်အဖြစ် ပြောင်းလဲ အသုံးပြုနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.